ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 

KNDF အမှတ် ၁၄ တပ်ရင်းအနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ စတင်တည်ထောင် ဖွဲ့စည်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင် တော်လှန်ရေးမှာ ပါဝင်လာတာ ၄ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါအခမ်းအနားမှာ KNDF ရဲ့ စစ်ချီသီချင်းနဲ့ ချီတက်အလေးပြုခြင်း၊ တပ်ဦးအလံကို အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် သီဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပတ်စဥ် (၆) အခြေခံစစ်ပညာသင်တန်းက သင်တန်းသားတွေကို သင်တန်းကာလအတွင်း အမိန့်နာခံမှု အကောင်းဆုံးဆု၊ သင်တန်းသားစံပြဆုတွေ ပေးအပ်ခြင်း၊ သစ္စာရေသောက်ခြင်းတွေ ပြုလုပ်ပြီး အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

KNDF အမှတ် ၁၄ တပ်ရင်းမှာ ၄ နှစ်တာကာလ တိုက်ပွဲတွေအတွင်း ကျဆုံးအာဇာနည် သူရဲကောင်း ၁၃ ယောက် ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၄ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တပ်ရင်း ၄ နှစ်ပြည့် အခမ်းအနားကို ရှေ့တန်းရောက်ရဲဘော်တွေ မတက်ရောက်နိုင်တာများခဲ့ပေမယ့် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေအပါအဝင် လူ ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များ ပဋိပက္ခသည် စစ်အုပ်စုအတွက်အခွင့်အရေးဖြစ်စေဟု PLA သတိပေး

နယ်မြေအသီးသီးက တော်လှန်ရေးအင်အားစုတွေအကြား ပွတ်တိုက်မှု၊ ပဋိပက္ခတွေ ဟာ အဖွဲ့အစည်းအချင်းချင်းအကြား စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီး စစ်အုပ်စုအတွက် အခွင့်အရေးပေးရာ ရောက်တာကြောင့် အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်လာပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။