တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အမတ ၃၀၂ တပ်ရင်းဆီ လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ခဲ့ဘူးလို့ သိရပါတယ်။

“ထိတွေ့မှုက မောင်မယ်ရှောင်ကျေးရွာအတွင်းမှာပါ။ ၅ယောက် ကျသွားတာကို မျက်မြင်တွေ့ပါတယ်။ ထိခိုက်ကတော့ မသိရသေးဘူး။ ရဲဘော်တွေတော့ အထိအခိုက် မရှိပါဘူး” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်တပ် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကတော့ ခမရ (၄၀၆) ထဲကို ရောက်ရှိသွားပြီဖြစ်ပြီး စစ်သားတချို့ကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ အနီးတဝိုက်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားရာ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေကတော့ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတာ ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

ကပစ ၂၁ သို့ လာသည့် စစ်တပ်ယာဉ် ၂ စီးကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၁ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နေ ကပစ ၂၁ သို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို တော်လှန် ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ယောက် သေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ - Caf-Spupdf က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် တံတားတစ်စင်း ပြိုကျပျက်စီး (ရုပ်/သံ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှာ မကြာသေးခင်က အသစ်ဖွင့်လှစ်ထားတဲ့ တံတားတစ်စင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မှတ်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။