စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နဲ့ ၁၄ရက်နေ့တွေမှာ မုံရွာမြို့ပေါ် ကမ်းနားလမ်းက ဆုတောင်းပြည့်ဘုရားပွဲအတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် ဖျော်ဖြေရေးစတိတ်ရှိုးအစီအစဥ်တွေလည်း ပါဝင်တာကြောင့် လာရောက်ကြည့်ရှုသူတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမှာစစ်အုပ်စုက အိမ်စီးကားတွေနဲ့ ကမ်းနားလမ်းကိုပတ်ကာ ပွဲလာကြည့်ကြသူ၊ ပြန်ကြသူလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ Monywa Road Information-MRI က ပြောပါတယ်။

“ကမ်းနားလမ်းပေါ်မှာ အိမ်စီးကားတွေနဲ့ ပတ်ပြီးဆွဲတာပါ။ အယောက်၃၀ ကျော်လောက် အဖမ်းခံထားရတယ်လို့ သိရတယ်။ ဖျော်ဖြေပွဲကို သူတို့က စီစဥ်ပြီးလုပ်တယ်။ အခုလို လာတဲ့လူငယ်လူလတ်ပိုင်းတွေကို ဆွဲတယ်ပေါ့” လို့ Monywa Road Information-MRI တာဝန်ရှိသူကမောင်းကို ပြောပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားပွဲ စတိတ်ရှိုးမြင်ကွင်း



ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက် ညပိုင်းကလည်း စစ်အုပ်စုက မုံရွာမြို့နယ် ဘုံတိုရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူတွေ သေဆုံးနေချိန် မြို့ပေါ်မှာ ပွဲအခမ်းအနားသဘင်တွေကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

မုံရွာမြို့ပေါ် စစ်အုပ်စုပေါ်တာဆွဲမှုဟာ အခုမှမဟုတ်ဘဲ အရင်ကလည်း ရှိခဲ့ပြီး အရပ်သားလူငယ်၊ လူလတ်ပိုင်းတွေကို အဓိကပစ်မှတ်ထားဖမ်းဆီးကာ ငွေညှစ်တတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာ-ကျောက္ကောလမ်းပိုင်းပေါ် ပြီးခဲ့တဲ့ လတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ရာမှာလည်း ပစ ခေါ် ပြည်သူ့စစ်မှုထမ်း တပ်သားတွေကိုပဲ အများဆုံး အသေခံစေလွှတ်ကြတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။