အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မိုးကုတ်ဗျူဟာက တပ်သားသစ်တွေ ခေါ်ယူနေကြောင်း ကြေညာထားပါတယ်။

အခုချိန်မှ တော်လှန်ရေးမှာ ဝင်ကူညီဖို့ဆုံးဖြတ်ရင်လည်း နောက်မကျသေးတဲ့အတွက် “ဘယ်အချိန် ဘယ်ပြေးရမလဲဆိုပြီး တွေးကြောက်နေကြမယ့်အစား၊ ဘယ်နေရာမှာ ဘယ်လိုပြန်ကြုံးရမလဲ ဆိုတာတွေ သင်ပေးမယ်” လို့ မိုးကုတ်ဗျူဟာက ဆိုပါတယ်။

ဒါ့အပြင် အားလုံးမျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တစ်ခုဆီ ဦးတည်မောင်းနှင်နေတဲ့ ယန္တရားကြီး မြန်မြန်ခရီးရောက်ဖို့အတွက် တွန်းအားများများလိုတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် များများနဲ့ မြန်မြန်တွန်းပြီး လွတ်လပ်မှုဆီ အတူလျှောက်လှမ်းကြဖို့ စစ်သည်တော်အသစ်တွေကို မိုးကုတ်ဗျူဟာက နွေးထွေးစွာ ဖိတ်ခေါ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ သိလိုသမျှကို မိုးကုတ်ဗျူဟာရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် SNA တပ်စွဲထားသည့် မိုင်းနောင်နှင့် မမုံကိုင်ရွာကို ပြန်လည်သိမ်းပိုက်ဟု KIA ထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်နဲ့ SNAပြည်သူ့စစ်တို့ တပ်စွဲထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန Laiza TV ကနေ ဩဂုတ် ၁၆ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။