စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့ပေါ် တပ်မ ၃၃ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ကနေ ထွက်ပြေးအလင်းဝင်ရောက်ဖို့ ကြိုးစားတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့မှာ သွားရောက်ခေါ်ထုတ်ပေးခဲ့ရတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါစစ်မှုထမ်းတပ်သားကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF ရဲ့အကူအညီနဲ့ သွားရောက်ခေါ်ဆောင်ခဲ့ရပြီး ရွှေဘိုခရိုင်တပ်ရင်း ၂၃ က ခေတ္တထိန်းသိမ်းပေးထားကာ အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်ဆိုင်ရာမိသားစုနဲ့ ရပ်ကျေးပကဖတွေထံ အပ်နှံခဲ့တယ်လို့သိရပါတယ်။

” ကျနော်တို့ Wetlet informational Network ကိုချိတ်ဆက်တော့ နယ်မြေခံ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ကို အကူအညီတောင်းပြီး သွားခေါ်ခိုင်းခဲ့ရတယ်။ အဲ့ကနေမှ ရွှေဘိုရင်း ၂၃က ထိန်းသိမ်းထားတယ်။ ပြီးမှ သူ့မိသားစုနဲ့ချိတ်ဆက်ပြီး အပ်ပေးလိုက်တာပါ” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ထံမှ ထွက်ပြေးအလင်းဝင်ရောက်လာသူများ

အဆိုပါ စစ်မှုထမ်းတပ်သားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မိသားစုစားဝတ်နေရေးအတွက် မန္တလေးမြို့ကို အလုပ်လုပ်ဖို့ သွားရောက်ရာကနေ စစ်အုပ်စုလက်ပါးစေတွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ စစ်မှုထမ်းသင်တန်း ၇ လကြာ တက်ရောက်ခဲ့ရကြောင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှာ တာဝန်ပြန်လည်ချထားပေးခံရချိန် ၂ ပတ်အကြာမှာ အခုလို ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“သူက ပေါ်တာဆွဲခံရပြီး သင်တန်းတက်ရတယ်။ အခုသင်တန်းဆင်းစ စစ်ကြောင်း ထိုးတာမှာလည်း မပါသေးဘူး။ ဘာပြစ်မှုမှလည်း မကျူးလွန်ရသေးဘူး။ ဒီတော့ ကျနော်တို့က မိသားစုထံ လွှဲပြောင်းပေးခဲ့တာပါ” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလားတူ မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာလည်း ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား ၁ယောက် အလင်းဝင်ရောက်လာကြောင်း Garuda Secret Force က ထုတ်ပြန်ထားပါတယ်။

“သူ အလင်းဝင်လာတာ ၂ လလောက် ရှိပါပြီ။ ခမရ ၄၁၈ မိတ္ထီလာကနေ ဝင်ရောက်လာတာ။ လုံခြုံရေးကြောင့် အခုမှထုတ်ပြန်ရတာပါ။ ဖုန်းဆိုင်မှာ သူကအလုပ်လုပ်တာ၊ အဲ့ဒါ တစ်ညကျ ဆိုင်ထဲအထိ ၀င်ဆွဲတာခံလိုက်ရတာပါ။ ကျနော်တို့နဲ့ပူးပေါင်းပြီး စကမကို ပြန်တိုက်ထုတ်သွားမှာပါ” လို့ Garuda Secret Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ပထမပတ်အတွင်း အလင်းဝင်ရောက်တဲ့ အကြမ်းဖက်စစ်တပ် ဘက်တော်သား ၁၅ယောက်ရှိတဲ့အထဲ ၁၀ယောက်ဟာ စစ်မှုထမ်းတပ်သားတွေ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ထံမှ ထွက်ပြေးအလင်းဝင်ရောက်လာသူများ
0 Shares:
You May Also Like
Read More

ခင်ဦးမှာ အရပ်သားရှင်ပြုပွဲကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး၊ ရိက္ခာလုယူ၊ နေအိမ်တွေကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

တောင်ကမ္မရိုက်ကျေးရွာထဲ စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD / Ramonnya Mon Army က ထုတ်ပြန်ပါတယ်။
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။