မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်ရှင်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက ရေး မြို့နယ် ကနင်က‌မော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနေ့ ညနေပိုင်းမှာ အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာ ကားလမ်းအနီး ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ထပ်မံဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် အောက်တိုဘာလ ၁၁ ရက် နေ့လယ်မှာလည်း  အောင်သပြေဘုန်းကြီးကျောင်းအနီး စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ပြီး ၄၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  

အောက်တိုဘာလ ၁၂ ရက် မနက်ပိုင်းကလည်း ဘေလမိုင်း‌ကျေးရွာမှာ အေးကမ္ဘာ‌ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တိုက်ပွဲ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီး ၁ ယောက် အပါအဝင် တပ်သား ၈ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

၃ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“စကစ ဘက်က သေဆုံးတဲ့စာရင်းကို ကျမတို့ မြေပြင် အတွင်းသတင်းအရင်းအမြစ်ကနေ အတည်ပြုခဲ့တာပါ” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုတွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Video-Mon State Revolutionary Force

0 Shares:
You May Also Like
Read More

NUG ၏ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ က ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ ပြည်သူလူထုထံကို NUGက ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးရဲ့ အပြောင်းအလဲ ၊ စစ်ရေးအခြေအနေနဲ့ အနာဂတ်အစီအစဉ်တွေကို အဓိက ပြည်သူလူထုထံ သတင်းစကားပေးအပ်ခဲ့ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား ပျောက်ကြားတိုက်ခိုက်မှု ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းအား တော်လှန် ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''
Read More

မြင်းမူမြို့နယ်အတွင်း စစ်အုပ်စု ဂိတ်စခန်းနှင့် တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။