အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောဆိုလာပြန်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေကို ရည်ရွယ်ပြီး “သက်ဆိုင်သူ ပုဂ္ဂိုလ်များ တကယ် ပြည်ထောင်စုအကျိုးအတွက် တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကို နိုင်ငံတော်ရဲ့ အကျိုးကိုကြည့်ပြီးတော့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျနော် အလေးအနက် ပြောပါရစေ။ ကျနော်တို့ရဲ့ နိုင်ငံကို ဒုက္ခရောက်အောင်တော့ မလုပ်ကြဖို့ ကျနော်ပြောချင်ပါတယ်။ တိုင်းပြည်ကောင်းအောင် လုပ်ကြဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ပြောလိုပါတယ်။ ကျနော့်အနေနဲ့ တိုင်းပြည်ကောင်းဖို့အတွက် လုပ်မယ်ဆိုလို့ရှိရင် အမြဲတမ်းအဆင့်သင့်ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ကြောင်း၊ လာမယ့်လွှတ်တော်မှာ ဆွေးနွေးရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ဝင်ရောက်နိုင်ဖို့ PR စနစ်ကို အသုံးပြုထားကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းလို့မရဘဲ ဆွေးနွေးအဖြေရှာဖို့ လိုကြောင်း ပြောဆိုခဲ့ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေဟာ ပညာရေးနိမ့်ကျမှုကြောင့် ဖြစ်တာမို့ ပညာရေးကို ဦးစားပေးဖို့ လိုအပ်ကြောင်းလည်း ကျောင်းသားကလေးငယ်တွေကို လေကြောင်းဗုံးကြဲ သတ်ဖြတ်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း “ဖြစ်နိုင်တာ ကျနော့်ဘက်က လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဆိုလုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာကို လျှောက်ပြီးတော့မှ လုပ်နေလို့ မရပါဘူး” လို့ ပြောဆိုခဲ့ပြီး တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လွှတ်တော်ပေါ်မှာ ပြောဆိုနိုင်တာက အကောင်းဆုံးဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

KNU အပါအဝင် တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၆ခုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက NCA စာချုပ်က ပျက်ပြယ်သွားပြီဖြစ်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ဖျက်ဆီးလိုက်တာကြောင့် NCA ဟာ စက္ကူစုတ်အဖြစ်ကို ရောက်သွားပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သဘောထား ထုတ်ပြန်ထားကြပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားဟောင်းများဖြစ်သည့် ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအောင် ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခံရ

တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီကနေ ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်လာပါတယ်။
Read More

ကန်နီပျူစောထီးကျေးရွာမှ အရပ်သား ၃ ဦးနှင့် ကိုရင် ၂ ပါး ထွက်ပြေးတိမ်းရှောင်လာ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီး အင်အားကောင်းတဲ့ ကန်နီကျေးရွာက ပြည်သူ ၃ ယောက်နဲ့ ကိုရင် ၂ ပါး ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။