မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် တပ်ကုန်းပျူရွာက စစ်တပ်နဲ့ ပျူစောထီး ထောက်ခံသူ ဦးပွေးဆိုသူကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးပွေးကို ဖမ်းမိပြီးနောက် စစ်ဆေးမေးမြန်းတဲ့အခါ စစ်တပ်ထောက်ခံသူ ပျူစောထီးအားပေးသူ ဖြစ်နေတဲ့အတွက် သူ့ကို သက်ဆိုင်ရာ အဖွဲ့အစည်းထံ အပ်နှံသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ပျူရွာနား နယ်မြေလုံခြုံရေးလုပ်ရင်းနဲ့ ကင်းပုန်းဝပ်တာ တစ်နေကုန်.. ဖမ်းဆီးရမိတော့ စစ်တပ်ထောက်ခံသူဆိုတာတော့ ဝန်ခံတယ်၊ ပျူစောထီးအားပေးဆိုတာ။ လက်နက်တော့ မကိုင်ဘူးပေါ့။ သူ့ဆီကနေ ဓားတစ်လက် သိမ်းဆည်းရမိတယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီးရင် ပအဖ ပလဖထံ လွှဲပြောင်းပေးအပ်ဖို့ ရှိပါတယ်” လို့ ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် ဦးပွေး

တပ်ကုန်းပျူရွာဟာ ရိက္ခာဖြတ်တောက်ခံထားရတာ ၃ နှစ်နီးပါး ရှိပြီဖြစ်ပြီး အဲလို ဖြတ်တောက်ခံထားရတဲ့အတွက် တပ်ကုန်းပျူရွာက ဒေသခံတွေဟာ ရွာနားနီးစပ်တွေမှာ စားနပ်ရိက္ခာ လိုက်လံရှာဖွေ စားသောက်လေ့ရှိတယ်လို့ သိရပါတယ်။

“ပျူစောထီးရွာ တပ်ကုန်းက ရိက္ခာပြတ်တာ ၃ နှစ်ကျော်ပြီဗျ။ ရွာက မှိုရှာရင်း ပျားရှာရင်းလာတာဗျ။ စားစရာမရှိ၊ သောက်စရာမရှိတော့ဘူးလေ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) အနေနဲ့ အခုလို ပျူစောထီးတပ်သားတွေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးရမိတာဟာ ဦးပွေးအပါအဝင် ၇ ယောက်ခန့် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် စစ်တပ် အင်အား ၁၀၀နီးပါးနှင့် တော်လှန်ရေးတပ်များ ထိတွေ့မှုဖြစ်၊ စစ်တပ်ဘက်မှ အရာရှိအပါအဝင်၂၇ဦးသေပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိအပါဝင် စစ်ကောင်စီတပ်သား ၂၇ယောက် သေဆုံးပြီး အယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ရွှေပြည်သာတွင် မဲရုံလုပ်မည့် အမှတ်(၁၃) ရပ်ကွက်ရုံးအား ပြောက်ကျားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်ရာ အမှတ် (၁၃) ရပ်ကွက်ရုံးကို ဇန်နဝါရီ လ ၇ ရက်၊ ဒီနေ့ညနေပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။