မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် တံတားရှိ စစ်ကော်မရှင်ရဲ့ မဲဇလီကာကင်းဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီခွဲကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သားအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းစစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ စစ်သားအလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့တဲ့ အတွက် စုစုပေါင်း စစ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း၊ မင်းဘူးခရိုင်ပကဖနဲ့ ပွင့်ဖြူမြို့နယ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး မင်းဘူးခရိုင်အမှတ်တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

Video – မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ် ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရှိ စစ်ကော်မရှင်ရဲ့ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Read More

ကျောက်ရစ်စခန်း အင်အားဖြည့်ရန်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်မှု စစ်သား အများအပြား သေဆုံး (ရုပ်သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။