ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၃ရက် မနေ့ ညနေ ၃နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေက ဆိုင်ကယ် ၁၅ စီးနဲ့ ဖလံပင်ရွာထဲကို လက်နက်ငယ်တွေ ပစ်ဖောက် ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ရွာထဲကို ဝင်ရောက်လာချိန် ဘိလိယက်ခုံမှာ ရှိနေတဲ့ ကိုအောင်မျိုးကျော်၊ ကိုဝိုင်းမင်းထွန်း၊ ကိုသက်ဝေအောင်တို့ ၃ယောက်ကို ဖမ်းဆီးထားပြီး ကိုသက်ဝေအောက်ကတော့ ကျောင်းသားဖြစ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်ကာ သာမန်လက်လုပ်လက်စားဖြစ်တဲ့ ကျန် ၂ယောက်ကို နတ်တလင်းရဲစခန်းထဲ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ခေါ်ဆောင်သွားခံရတဲ့ ၂ယောက်ကို ၁ယောက် သိန်း ၂၀ စီနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲ့ရွာက ပေါ်တာဝင်ဆွဲတာမျိုး မဖြစ်ဖူးတော့ မရှောင်ကြဘူးလို့ သိရတယ်ဗျ၊ ဖမ်းပြီးတော့ ရွာထဲမှာ သေနတ်ပစ်ဖောက်တာတွေလည်း လုပ်တယ်၊ ကျောင်းသားတစ်ယောက်ကိုတော့ ရွာထဲမှာတင် ပြန်ညှိပြီး လွှတ်ပေးတယ်။ ကျန်နှစ်ယောက်ကိုတော့ ပေါ်တာဆွဲသွားတယ်။ သူတို့နှစ်ယောက်ကိုတော့ တစ်ယောက်ကို သိန်း ၂၀ ပေးရတယ်တဲ့” လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖလံပင်ရွာက အုပ်ချုပ်ရေးမှူးဟာ ရွာမှာ မနေရဲတာကြောင့် နတ်တလင်းမြို့ပေါ်မှာ သွားရောက်နေထိုင်တာ ၅လလောက်ရှိပြီဖြစ်ပြီး ဒေသခံတွေကို စစ်မှုထမ်းကြေး လိုက်ကောက်စေကာ သူ့ဆီ လာပို့ခိုင်းတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

“ရွာမှာမနေတာ ၄/၅ လလောက်ရှိပြီ။ မြို့ကနေ ရွာကို စစ်မှုထမ်းကြေးစုပြီး သူ့ဆီလာပေးဖို့ ခိုင်းစေတာရှိတယ်။ ဒါပေမယ့် ဘယ်သူကမှ စုမပေးရဲဘူးလေ.. သူကလည်း မလာရဲဘူး။ အဲဒါကြောင့်လည်း စစ်တပ်က တမင်ညစ်တာ ဖြစ်နိုင်တယ်ဗျ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။ 

ဖလံပင်ရွာဟာ စစ်ကော်မရှင်တပ်တွေ အထိုင်ချထားတဲ့ ဒမငယ်ရွာနဲ့ တစ်မိုင်လောက်သာ ကွာဝေးပြီး အခုလို ပေါ်တာဆွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမှာ စစ်ကောင်စီ လက်ပါးစေတွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေ၊ လူငယ်တွေ အလုံးအရင်း ဖမ်းဆီးစုဆောင်းခံနေရ

မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။