အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းအပါအဝင် ယင်းမာပင်-ဆားလင်းကြီးဒေသတွင်း သပိတ်အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲနဲ့ ဆီမီးသပိတ် ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ – ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ

0 Shares:
You May Also Like
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

နေပြည်တော် ပကဖ ၏ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဦးဆောင်ပြီး ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ပွဲ

အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့ကညဉ့်နက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝရှိစေရေး အပါ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ NUG အစိုးရ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။