ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကို ချင်းအမျိုးသားအဖွဲချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) က တာဝန်ရှိသူတွေတက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြပြီး စစ်ဦးစီးချုပ်က “ပြည်သူတွေရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အမြဲကြိုးစားဖို့ CNDF တပ်ဖွဲ့ဟာ ၄ နှစ်တာကာလမှာ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီ ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာနဲ့ သွေးချွေးတွေ မြေကျခဲ့ပြီ၊ ပေးဆပ်ခဲ့ပြီ။ ချင်းအမျိုးသားအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိတဲ့အထိ အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့” တိုက်တွန်းခဲ့ပါတယ်။

Video – Chin National Organization

0 Shares:
You May Also Like
Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရကာ ၉လကြာ ဆေးကုသမှု ခံယူပြီးနောက် ရဲဘော် မောင်ဘုန်းပြည့်ကျော် ကျဆုံးခဲ့ (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ-၉၄ ကိုယ်ပိုင်အမှတ်- တ/၄၁၄၉၁ တပ်ကြပ်- ခင်မြင့်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်ထဲရောက်မယ့် ရဲဘော်တွေကို ပြန်ပြီး မောင်းထုတ်ချင်ပါတယ်.. မဝင်ဖို့အတွက်ကို။ ကိုယ့်တူ ကိုယ်သားအရွယ်သာဆိုလိုရှိရင် တစ်ခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ်လိုက်ချင်တယ်။ ကိုယ့် ကိုယ်တိုင်လည်း ဒီမှာ ကြုံတွေ့နေရတဲ့အတွက်ကြောင့်မလို့ သူတို့လည်း ဒုက္ခမပေးချင်ဘူး။ ကိုယ်တောင်မှာ ဒုက္ခခံစားလို့ ဝဋ်ကြွေးမကုန်သေးသ၍ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ"