တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အာဏာသိမ်းစစ်တပ်က မယ်သမီခီး (ထီးခီး) ကျေးရွာကို ဂျက်ဖိုက်တာအသုံးပြုပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင် အဆောက်အအုံ ၁လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ လတ်တလောမှာ မယ်သမီခီး (ထီးခီး) ရွာကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က မယ်သမီခီး (ထီးခီး) ရွာကို ဂျက်ဖိုက်တာ FTC-2000G လေယာဥ်အမျိုးအစားနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ကာ တိုက်လေယာဉ်မှာပါတဲ့ အော်လီဂန်းစက်လက်နက်နဲ့လည်း (၂)ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၈ရက်နေ့တုန်းကလည်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်းမှာတင် ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ဟာ အာဏာဆက်လက်တည်မြဲဖို့အတွက် သူတို့အုပ်ချုပ်ရာဒေသတွေမှာ အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေသလို သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေမှာလည်း ပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။