ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အောက်တိုဘာလ ၁၄ ရက် ဒီမနက် ၇နာရီခွဲအချိန်မှာ လုပ်ခဲ့တာဖြစ်ပြီး ဒေသခံကျောင်းသူ ၁ယောက် သေဆုံးကာ ၁ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၆လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ထိခိုက်တဲ့သူတွေက ကျောင်းသူတွေဖြစ်တယ်၊ ၅ နှင့် ၈ တန်းကျောင်းသူတွေဖြစ်တယ်၊ သူတို့နှစ်ယောက်က စိုးရိမ်ရတဲ့အဆင့်တော့ ရောက်တယ်၊ အခုနောက်ကျောမှာ ထိတဲ့ သူ့အစ်မက ဆုံးသွားပြီ၊ သူ့ညီမကို ဆေးကုပေးနေတယ်၊ ရွာထဲ ၄ လုံး ကြဲသွားတယ်၊ အိမ်လည်းထိတယ်” လို့ ဒေသခံတယောက်ရဲ့ ပြောပြချက်ကို TWO က ဖော်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ်၊ ၈တန်းကျောင်းသူ လွေးသင်းသင်းနွယ်ဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသူကတော့ လွေးမေသင်းနွယ် အသက် ၁၅နှစ်၊ ၅တန်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၁ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ယောက် အပါအဝင် သေဆုံးသူ ၂၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၆ ယောက် ရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

PDF ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးရဲ့ လက်နက်ပြန်အပ်ဖို့ အကြောင်းကြားစာနဲ့ ပတ်သက်လို့ လတ်တလော လက်နက်ပြန်မအပ်နိုင်သေးကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း YPDF ထုတ်ပြန်

ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက လက်နက်ပြန်အပ်ဖို့ အကြောင်းကြားတဲ့စာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ပေါက်မှာ တောင်ကျရေလျှံပြီး ရေဘေးသင့်ခဲ့သူတွေ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံကာ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် နေအိမ်အစားထိုးဆောက်လုပ်ရေးအပြင် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြလာပါတယ်။ Federal Wings ဒရုန်းတပ်ဖွဲ့တိုင်းရဲ့ ဖွဲ့စည်းပုံအရ စစ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စအဝဝကို လက်တွဲထားတဲ့တပ်ဖွဲ့တွေကသာ အလုံးစုံတာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေကိုသာ Federal Wings က တာဝန်ယူဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်းကို ယာယီပိတ်ထား

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။