တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရွှေကုန်းရွာ၊ ကျောက်လှေကားရွာနဲ့ ကင်းရှေ့ရွာတွေမှာရှိတဲ့ နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ မီးရှို့တာက မိုးရွှေကုန်းတစ်ရွာတည်းမဟုတ်ဘူး။ ကင်းရှေ့ရွာ၊ ကျောက်လှေကားရွာ အဲဒီရွာတွေက နေအိမ်တွေကို မီးရှို့တယ်။ ပြီးတော့ ရွာတစ်ရွာစီမှာ ဘယ်လောက်အထိ မီးလောင်သွားလဲဆိုတာတော့ မသိရသေးဘူး။ မိုးရွှေကုန်းရွာကြောတလျှောက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်” လို့ သရက်ချောင်း နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်အုပ်စုက ရွာတွေထဲက တန်ဖိုးရှိ ပစ္စည်းတွေကို သယ်ဆောင်သွားပြီး ပန်းပြင်ရွာဘက်ကို ထွက်ခွာလာချိန်မှာလည်း ဒေသခံတွေကို PDF တွေ ရှိမရှိ မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာသားတွေဆီကနေ ဆိုင်ကယ်အစီးရေ ၂၀ ကျော် ပါသွားတယ်။ ပြီးတော့ TV တွေ တွန်းလှည်းတွေ၊ ဘေးတွဲဆိုင်ကယ်တွေကို အကုန်ယူတယ်။ ကျွဲတွေ၊ နွားတွေကို ထော်လာဂျီတွေနဲ့ သယ်သွားတယ်။ ပန်းပြင်ရွာဘက်ကို တချို့လည်း ခြေလျင်သွားတယ်။ တချို့ကလည်း ဆိုင်ကယ်တွေ ယူသွားတာတွေ ရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

အဆိုပါ စစ်အုပ်စုဟာ ခမရ ၄၀၅ ကနေ ထွက်လာတာလို့ သိရပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ရက်နေ့တုန်းကလည်း မိုးရွှေကုန်းရွာထဲကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းထိုးနေတဲ့အတွက် သရက်ချောင်းမြို့နယ်ထဲက မိုးရွှေကုန်းရွာ၊ ကင်းရှေ့ရွာ၊ ကျောက်လှေကား အစရှိတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်အတွင်း နေအိမ်တွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးထားပုံ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်က နိုင်ငံတကာတွင် ကန့်သတ်ထားသော ကလပ်စတာဗုံးများကို အသုံးပြုတိုက်ခိုက်နေ… အဆိုပါဗုံးများကို ကပစ-၂၁ တွင် တရုတ်နည်းပညာအကူအညီနှင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံမြို့အနီး တစ်ရက်အတွင်း ငလျင် ၄ ခါ လှုပ်ခတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဇူလိုင် ၁၄ ရက် မနေ့ကတစ်ရက်အတွင်း ရစ်ချက်တာစကေး ၄ နဲ့အထက် ပြင်းအားရှိ ငလျင် ၄ ခါလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။