တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အာဏာသိမ်းစစ်တပ်က မယ်သမီခီး (ထီးခီး) ကျေးရွာကို ဂျက်ဖိုက်တာအသုံးပြုပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင် အဆောက်အအုံ ၁လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ လတ်တလောမှာ မယ်သမီခီး (ထီးခီး) ရွာကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က မယ်သမီခီး (ထီးခီး) ရွာကို ဂျက်ဖိုက်တာ FTC-2000G လေယာဥ်အမျိုးအစားနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ကာ တိုက်လေယာဉ်မှာပါတဲ့ အော်လီဂန်းစက်လက်နက်နဲ့လည်း (၂)ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၈ရက်နေ့တုန်းကလည်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်းမှာတင် ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ဟာ အာဏာဆက်လက်တည်မြဲဖို့အတွက် သူတို့အုပ်ချုပ်ရာဒေသတွေမှာ အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေသလို သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေမှာလည်း ပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းမှာ ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ပြည်သူတွေကို PDF က ရွှေ့ပြောင်းရာမှာ ကူညီပေး

ပဲခူးတိုင်း (အရှေ့ခြမ်း)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ 3702 (PDF) တပ်ရင်း စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်းနှင့် ရပ်နားထားချိန်အတွင်း မော်လိုက်ခရိုင် တပ်ရင်း (၂ ၊ ၄) ထံ စစ်အုပ်စုအဖွဲ့ဝင် ၅ဦး လက်နက်များနှင့် အလင်းဝင်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပျူစောထီး ၁ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် "သိမ်းငှက်စစ်ဆင်ရေး" အပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ယောက်အထိ ရှိလာကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။