ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အောက်တိုဘာလ ၁၄ ရက် ဒီမနက် ၇နာရီခွဲအချိန်မှာ လုပ်ခဲ့တာဖြစ်ပြီး ဒေသခံကျောင်းသူ ၁ယောက် သေဆုံးကာ ၁ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၆လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ထိခိုက်တဲ့သူတွေက ကျောင်းသူတွေဖြစ်တယ်၊ ၅ နှင့် ၈ တန်းကျောင်းသူတွေဖြစ်တယ်၊ သူတို့နှစ်ယောက်က စိုးရိမ်ရတဲ့အဆင့်တော့ ရောက်တယ်၊ အခုနောက်ကျောမှာ ထိတဲ့ သူ့အစ်မက ဆုံးသွားပြီ၊ သူ့ညီမကို ဆေးကုပေးနေတယ်၊ ရွာထဲ ၄ လုံး ကြဲသွားတယ်၊ အိမ်လည်းထိတယ်” လို့ ဒေသခံတယောက်ရဲ့ ပြောပြချက်ကို TWO က ဖော်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ်၊ ၈တန်းကျောင်းသူ လွေးသင်းသင်းနွယ်ဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသူကတော့ လွေးမေသင်းနွယ် အသက် ၁၅နှစ်၊ ၅တန်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၁ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ယောက် အပါအဝင် သေဆုံးသူ ၂၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၆ ယောက် ရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြနုတ်ထွက်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ဟန်ပြနုတ်ထွက်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ယောက် နေအိမ်အတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။