မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ဒီနေ့အချိန်မှာ တရားစီရင်ရေးစနစ်အပေါ် လုံးဝယုံကြည်မှု မရှိတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ဒီနေ့ အောာက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်လာပါတယ်။

UNDP Myanmar ရဲ့ အစီရင်ခံစာအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ် ၈၀ ရာခိုင်နှုန်းခန့်ဟာ အာဏာပိုင်တွေကို မယုံကြည်ကြတော့ကြောင်း၊ လူငယ်တွေအတွက် ရဲနဲ့ တရားရုံးတွေဟာ ဘေးကင်းရာမဟုတ်ဘဲ ကြောက်ရွံ့ခြင်းနဲ့ အမြတ်ထုတ်ခံရခြင်းရဲ့ အရင်းအမြစ် ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေကလည်း လူငယ်တွေအတွက် အဓိက စိတ်ဖိစီးမှုဖြစ်ပြီး စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း၊ စစ်သားစုဆောင်းခြင်းတို့က ကြောက်ရွံ့မှု၊ မယုံကြည်မှု အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ UNDP Myanmar Facebook)



လူငယ်တွေအတွက် မလုံခြုံမှု အခြေအနေဟာ အာဏာမသိမ်းခင်ကထက် နှစ်ဆကျော် ပိုများလာပြီး ရန်ကုန်လို မြို့ပြတွေမှာလည်း ပဋိပက္ခဒေသဖြစ်ပွားနေတဲ့ ဒေသတွေနည်းတူ မလုံခြုံတော့ဘူးလို့ UNDP က ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအများဆုံး ကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်လာပြီး မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုတွေကလည်း ကြီးထွားလာနေတာကြောင့် လူငယ် ၅ သန်းခန့်ဟာ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေကြရကြောင်း UNDP က ထောက်ပြပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်လက်မဲ့နှုန်းထားတွေကလည်း သိသိသာသာ မြင့်တက်လာတယ်လို့ သိရပြီး ဒီစစ်တမ်းဟာ နိုင်ငံအနှံ့အပြားက လူငယ် ခုနှစ်ထောင်ကျော်ရဲ့ အဖြေတွေကို အခြေခံထားတယ်လို့ UNDP က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရား ကွပ်မျက်ခံရမှုအပေါ် အောက်မေ့သတိရကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

နိုင်ငံရေးအခြေအနေများ အပြောင်းအလဲဖြစ်နေသည့် အိန္ဒိယတွင် မြန်မာဒုက္ခသည်များ သတိထားနေထိုင်ကြဖို့ India For Myanmar တိုက်တွန်း

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။