ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီမနက်မှာ ဗန်ဟာကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်က တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၂ ယောက်သေဆုံးခဲ့တဲ့အပြင် ကလေးတချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဗုံးကြဲတဲ့အချိန်ဟာ ကလေးတွေ ကျောင်းသန့်ရှင်းရေးလုပ်နေချိန်ဖြစ်တဲ့အတွက် ဆရာမ၊ မိဘနဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရမှုလည်းရှိတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပူတင်ကို ဗျာဒိတ်တော်လာ ကြွက်မင်းအဖြစ် သုံးနှုန်းပြီး မင်းအောင်လှိုင်က သူကိုယ်သူ မြန်မာဘုရင်အဖြစ် သုံးနှုန်း (ရုပ်/သံ)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် မနေ့နေ့လယ်ပိုင်း စစ်အာ ဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Democracy Movement Strike Committee-Dawei ထံက သိရပါတယ်။
Read More

မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်ဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်းဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။