ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၉)ရက်က လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးကျေးရွာဘက်ကို စစ်တပ်က အင်အား (၆၀) ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ (၂)ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သား (၁၀) ယောက် ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေနတ် (၄)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဆိုပါတယ်။

အောက်တိုဘာလ (၇)ရက်ကလည်း လင်ဖုံကြီးကျေးရွာအနီး အကြမ်းဖက်စစ်တပ်က စစ်ကြောင်း (၂)ကြောင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် (၂)နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်များတဲ့ စစ်အုပ်စု ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၆)ရက်ကလည်း လွိုင်လင်လေးမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပူးပေါင်း စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေနဲ့ (၃)နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေဟာ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်အရှေ့ခြမ်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှမ်းကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ်တို့ကို စစ်မျက်နှာ (၅)ခုဖွင့်ကာ စစ်ကြောင်းထိုးနေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF က ဆိုပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ပွဲနဲ့ နီးကပ်တဲ့ ဒေသတွေမှာ စစ်ရေးသတိ၊ လုံခြုံရေးသတိနဲ့ သွားလာနေထိုင်ဖို့ကိုလည်း KNDF က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။