တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက ရေဖြူမြို့နယ် ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ညနေပိုင်းမှာ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက်ညပိုင်းက လောင်းလုံးမြို့နယ် ခလရ ၁၀၄ တပ်ရင်းထဲကို ဒရုန်းနဲ့ ဗုံးသီးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း (Drone Team ) နဲ့ DEF (Drone Team) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)

0 Shares:
You May Also Like
Read More

ကနီနဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရေယာဉ်အုပ်စုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက် (ရုပ်/ သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရဲ့ ရေယာဉ် ၉ စီးအုပ်စုကို စက်တင်ဘာ ၁၈ ရက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့ယ်အတွင်း ပြည်သူနေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA တော်လှန်ရေး ပူးပေါင်းတပ် တွေ ဒီနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး  တိုက်ပွဲပြန်လည်ဖြစ်ပွားလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။ ‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front - ULF မှ ထုတ်ပြန်ထားပါတယ်။