ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံ ခရီးသွားရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီမြန်မာနိုင်ငံသား ၉ ယောက်ထဲက ၃ ယောက်ဟာ တလုံးကို ဘတ်ငွေ ၇ သန်း တန်ဖိုးရှိတဲ့ အိမ် ၇ လုံး ဆောက်လုပ်ဖို့အတွက် ကန်ထရိုက်ယူထားတာဖြစ်ပြီး ကျန်တဲ့ ၆ ယောက်ကတော့ အိမ်တွေမှာ လျှပ်စစ်ဝိုင်ယာသွယ်တန်းဖို့အတွက် ငှားရမ်းထားတာလို့ သိရပါတယ်။ 

တောင်ပိုင်းခရီးသွားကျွန်းမှာရှိတဲ့ ထိုင်းနိုင်ငံသား ကန်ထရိုက်တာတွေက အဆိုပါ မြန်မာတွေရဲ့ ဈေးကွက်အတွင်း တရားမဝင် ဝင်ရောက်ပြိုင်ဆိုင်မှုတွေကြောင့် တိုင်ကြားခဲ့တဲ့အတွက် စနေနေ့မှာ သူတို့ ၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အလုပ်အကိုင် တွေထဲမှာ ပါဝင်တာကြောင့် မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင် လုပ်ကိုင်ခွင့် မပြုထားတာလည်း ဖြစ်ပါတယ်။ 

ဆူရတ်ထာနီ၊ Koh Phangan မှာ ကမ္ဘာလှည့်ခရီးသားရဲတပ်ဖွဲ့ဝင်များက ဖမ်းမိသည့် သံသယရှိသူ မြန်မာနိုင်ငံသားများနှင့် လျှပ်စစ်ဝါယာကြိုးများကို အတူတကွ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ကြသည်။ (ဓာတ်ပုံ ရဲတပ်ဖွဲ့)

ရဲတွေရဲ့ ပြောကြားချက်အရ အဲဒီမြန်မာ ၉ ယောက်ဟာ ထိုင်းဆောက်လုပ်ရေးကုမ္ပဏီတခုရဲ့ ဝန်ထမ်းအဖြစ် မှတ်ပုံတင်ထားကြပေမယ့် အဲဒီကုမ္ပဏီရဲ့ စီမံခန့်ခွဲသူတွေကတော့ အိမ် ၇ လုံးဆောက်ဖို့ ကန်ထရိုက်စာချုပ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အစောပိုင်း ကော့ဖငန်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ ကျွန်းအတွင်း ဗီဇာတို၊ ဗီဇာရှည်နဲ့ နေထိုင်ခွင့်ရထားတဲ့ အစ္စရေးနိုင်ငံသား စုစုပေါင်း ၂,၆၂၇ ယောက် ရှိပြီး အဲဒီထဲက ၁၈၁ ယောက်ဟာ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ဗီဇာရှည် ရထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

တချိန်တည်းမှာပဲ ရဲတွေက ကော့ဖငန်နဲ့ ကော့စမွေကျွန်းတွေမှာ တရားမဝင် ကိုယ်စားလှယ်ထားပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတာတွေကို စုံစမ်းစစ်ဆေးဖို့ စံမံချက်တွေလည်း တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။

မူရင်းသတင်း – Myanmar builders arrested for illegal contracting on Koh Phangan 

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်တွေရဲ့ ၂ရက်တာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီး

ကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီးကုန်တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ဟန်ချက်ညီ အထွေထွေထိုးစစ် ဆင်နွှဲရန် လိုအပ်သည့် အခင်းအကျင်းများ ရှိထားပြီးပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့အတွက် ဟန်ချက်ညီတဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လိုအပ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီပြီလို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။