စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြဖို့နဲ့ NCA ဟာ စက္ကူစုတ်သာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၆ခုက အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲ သဘောထားထုတ်ပြန်လာပါတယ်။ 

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို တချိန်က စစ်တပ်နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးခဲ့ဖူးတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပူးတွဲထုတ်ပြန်လိုက်တာပါ။

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အရင်က စစ်တပ်နဲ့ NCA လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်တပ်က NCA လုပ်ငန်းစဥ်တွေကို လွှမ်းမိုးထိန်းချုပ်ထားတဲ့အပြင် စစ်တပ်ကြီးစိုးရေး မူဝါဒတွေနဲ့ NCA ကို အကောင်အထည်မဖော်နိုင်အောင် တားဆီးတာတွေ၊ NCA ပါ သဘောတူညီချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

“ဒီ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်အုပ်စုက NCA ရဲ့ အနှစ်သာရတွေ၊ အခြေခံမူတွေကို ဖျက်ဆီး၊ နင်းခြေ… နောက်ပြီးတော့ NCA ထဲမှာပါတဲ့ အရပ်သားဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်ပြီး အခုမှ သူတို့ရဲ့ စစ်အုပ်ချုပ်ရေး တရားဝင်မှုရအောင်ဆိုပြီးတော့  ဟန်ပြပွဲလုပ်တယ်လို့ပဲ မြင်တယ်။ ဒီလိုပွဲတွေကို တက်ရောက်ခြင်းက စစ်အာဏာရှင်တွေကို သက်ဆိုးရှည်ရာ ရောက်မယ်လို့ပဲ ကျနော်တို့က မြင်ပါတယ်” လို့ NMSP-AD ရဲ့ ပြောခွင့်ရ နိုင်ကောင်းစကားက မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် စစ်တပ်ဟာ NCA ရဲ့ မူဝါဒတွေနဲ့ ကွဲလွဲနေတဲ့ စစ်အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူတွေကို နည်းမျိုးစုံနဲ့ အင်အားသုံး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်တပ်က ကျင်းပမယ့် NCA (၁၀) နှစ်ပြည့်ပွဲကို မတက်ရောက်ခြင်းဖြင့် ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းသဘောထားပြပေးဖို့  UN၊ ASEAN နဲ့  နိုင်ငံတကာသံတမန်တွေကို တောင်းဆိုထားပါတယ်။ 

KNU ရဲ့ ပြောခွင့်ရ ပဒိုစောတောနီး ကလည်း “ကျနော်တို့အနေနဲ့ ထူးထူးခြားခြား ပြောစရာ မရှိတော့ပါဘူး။ ဒါဟာတရားဝင်မှုမရှိတော့ပါဘူး… သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် NCA ဆိုတာလည်း ဘာမှ သက်ဝင်မှု မရှိတော့ဘူး၊ အကုန်ပျက်ပြယ်သွားပြီ… အာဏာသိမ်းလိုက်တာနဲ့ အကုန်ချိုးဖောက်ပြီးသား။ အဲ့ဒါကြောင့်မို့ ပြောစရာမရှိတော့ဘူး။ သွားတဲ့သူတွေလည်း ဘာမှတရားဝင်မှုမရှိတာကို သွားပြီးတော့ အချိန်ကုန် လူပန်းတာပဲ ရှိမယ်… ဘာမှ အဓိပ္ပာယ်မရှိဘူး” လို့ ဆိုပါတယ်။

ပူးပေါင်းသဘောထား ထုတ်ပြန်လာတဲ့ တော်လှန်ရေးအဖွဲ့ ၆ခု အနေနဲ့လည်း စစ်တပ်က နိုင်ငံရေးမှာ ပါဝင်မှုမရှိဖို့၊  ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူတွေ တရားမျှတမှုရရှိဖို့နဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ သန္နိဋ္ဌာန်ချ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်မှု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်၊ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အကြမ်းဖက်စစ်တပ် စိုးမိုးနယ်မြေအတွင်းရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ (၁၅) ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။