ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီမနက်မှာ ဗန်ဟာကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်က တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၂ ယောက်သေဆုံးခဲ့တဲ့အပြင် ကလေးတချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဗုံးကြဲတဲ့အချိန်ဟာ ကလေးတွေ ကျောင်းသန့်ရှင်းရေးလုပ်နေချိန်ဖြစ်တဲ့အတွက် ဆရာမ၊ မိဘနဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရမှုလည်းရှိတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

Myingyan Black Tiger ရဲဘော်များမှာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ အသိပေး (ရုပ်/သံ)

''ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ''လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ PDF တပ် ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့ပေါ်က တပ်မ ၆၆ တပ်သားတွေပါဝင်တဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းက ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီး ပြည်သူတွေအနီးနားမှာ ရှိနေတဲ့အတွက် Tiger Dragon Revolution Force သွားရောက်တူးဖော်ရှင်းလင်းပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဟာ ပြည်သူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကြောင့် P 29909 - Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) (Tiger Dragon Revolution Force) တပ်ဖွဲ့က သွားရောက်တူးဖော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။