မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေတဲ့ ရဲကားကို ပညာရေးတက္ကသိုလ်အနီးမှာ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ SATAN UG အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲကားပေါ်ရှိ ရဲတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကာ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့လည်း သိရပါတယ်။

SATAN UG အဖွဲ့ဟာ ရဲကားကို ၄ ရက်ကြာ စောင့်ကြည့်ပြီးနောက် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့ … (ဒေါက်တာတေဇာစန်း)

မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ မနေ့က ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် လူထုသပိတ်ခေါင်းဆောင်များပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ အမတန်လူစည်ကားတဲ့ မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်မှာ ဒေါက်တာတေဇာစန်းက
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငါးယှန်ကျေးရွာကို ဝင်ရောက်မွှေနှောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၃ လုံး ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ M.D.F Drone Force ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့ရှောင်လမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။