တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရေဖြူမြို့မရဲစခန်းအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကော်မရှင်တပ်သားတွေကိုလည်း Fixed Wind ဒရုန်းနဲ့ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိနိုင်ပေမယ့် အသေးစိတ်ကို စုံစမ်း နေဆဲဖြစ်သလို ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ချိန်မှာလည်း ဝန်ကြီးအိမ်ရာထဲကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုး ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးတော့မသိရသေးဘူးဗျ၊ ဝန်ကြီးအိမ်ရာဘက်မှာတော့ ကောင်တာပစ်တာမျိုးမဟုတ်ဘဲ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတော့ ရှိပါတယ်” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက် ည ၇ နာရီလောက်မှာလည်း ခလရ (၁၀၄) ထဲကို Fixed Wind ဒရုန်းနဲ့ ထပ်မံ သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း (Drone Team) နဲ့ DEF (Drone Team) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့၊ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်သုံးပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

ပေါက်ခေါင်းတွင် မင်္ဂလာဆောင် နေအိမ်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာမှာ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။