ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

KNPDP တပ်ရင်း အမှတ်(၃) က ရဲဘော်ဂျေရုန်း (ခ) မာခို့ဒူမိကယ်ဟာ ဒီမော့ဆိုမြို့ရှေ့တန်းစစ်မြေပြင် ဒေသအခေါ် ခေါက်ပလော့မှာ အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း အောက်တိုဘာ ၉ ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော် ဂျေရုန်း (ခ) မာခို့ဒူမိကယ် ဟာ KNPDP မှာ တာဝန်ထမ်းဆောင်တဲ့နေ့ကစပြီး နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ရဲဘော်ဂျေရုန်း (ခ) မာခို့ဒူမိကယ်ကို KNPDP တပ်ရင်းအမှတ်(၃)က အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးနီပြုသလို ကျဆုံးခဲ့တဲ့အပေါ် KNPDP တပ်ရင်းအမှတ်(၃)က ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူဝမ်းနည်း‌ရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။