မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိဖို့ အပြင်းအထန် ထိုးစစ်ဆင်နေသလို အရပ်သားပြည်သူတွေ နေထိုင်ရာ နေအိမ်တွေကို နေ့စဥ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကိုင်း PDF အနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို လက်မခံသလို ပြည်သူလူထုလက်ထဲ အာဏာပြန်လည်ရောက်ရှိဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

“စကမ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲက အတုအယောင် ဒီမိုကရေစီပဲဖြစ်တယ်။ ပါဝင်သင့် ပါဝင် ထိုက်သူတွေမပါဘဲ ရွေးကောက်ပွဲဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအနေနဲ့လည်း အကောင်းဆုံးကျော်ဖြတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ကိုစစ်ငြိမ်းနိုင်က မောင်းကို ပြောပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေးအင်အားစု အားလုံးအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်တာကြောင့် လက်တွေ့ကျတဲ့အလုပ်တွေကို စည်းလုံးညီညွတ်စွာ ပူးပေါင်းအကောင်အထည်ဖော်လို့ လိုအပ်နေပြီလို့လည်း စစ်ကိုင်း PDF က ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ စစ်ကိုင်း PDF အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးကို အားကုန်တင်ပြီး လုပ်ရတော့မယ့် အချိန်အခါရောက်ပြီလို့ ယူဆတဲ့အတွက် တော်လှန်ရေးအင်အားစုအသီးသီး အလုပ်တွေ ပိုကြိုးစားကြဖို့ တိုက်တွန်းချင်တယ်” လို့ ကိုစစ်ငြိမ်းနိုင်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

နမခကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိအပါ ၉ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်တစ်စင်းလည်း မီးလောင်ပျက်စီးနိုင်ခြေရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး‌ေတွနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စေတုတ္တရာမှာ စစ်အုပ်စုတွေက ရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေလို့ ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရ

မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ငဖဲမှာ ကပစ ၁၄က ထွက်လာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက် မြို့မ ရဲစခန်း၊ ထွေအုပ်ရုံတွေလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ကပစ ၁၄ကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို ငဖဲ-စေတုတ္ထရာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။