မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့ကစပြီး ညောင်ဦးမြို့နယ်တောင်ဘက် ချောင်းရှည်၊ ကန်ကြီးကုန်းနဲ့ သဲပြင်တောကျေးရွာတွေကို အကြမ်းဖက်စစ်ကြောင်းတွေ စတင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၀ရက်နေ့မှာ ညအိပ်ခဲ့တဲ့ သဲပြင်တောရွာကတဆင့် မန်ကျည်းတန်း၊ ကျောက်ပြင်ကန်နဲ့ ကန်နီပေါက်ရွာတွေကို သေနတ်ပစ်ဖောက် ဆက်လက်ဝင်ရောက်ခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေမှာတော့ ကျောက်ပြင်ကန်နဲ့ ဂျိုးကန်ရွာတွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကြောင်းဝင်ရောက်လာချိန် သေနတ်တွေ ရမ်းကားပစ်ခတ်တာ၊ လူသားဒိုင်းလုပ် ဖမ်းဆီးတာနဲ့ နေအိမ်တွေထဲ မွှေနှောက်ခိုးယူရင်း မီးရှို့ဖျက်ဆီးတတ်တာကြောင့် အရပ်သားတွေ တိမ်းရှောင်ခဲ့ရပြီး ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၂ခုပေါင်းက အရပ်သားနေအိမ်စာရင်းကိုတော့ မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ညောင်ဦးဒေသခံများ

“အခုလက်ရှိတော့ စစ်ကြောင်းက ၂ခုပြန်ခွဲပြီး ၁ခုက ချောင်းဝကျေးရွာဘက်တိုင်း ထွက်သွားတယ်။ နောက်တစ်ခုကတော့ စဥ့်ကူးမြို့နယ်ထဲ ရောက်သွားပါပြီ။” လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကြောင်းတွေ ဆုတ်ခွာသွားပေမယ့် ဒေသခံတွေဟာ ကျေးရွာတွေထဲ ပြန်ပြီးမဝင်ရောက်ရဲသေးဘူးလို့လည်း သိရပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေ ပြည့်နှက်နေတဲ့ ပုဂံမြေ တည်ရှိရာ ညောင်ဦးမြို့နယ်မှာ မြို့ပေါ်ကို စစ်အုပ်စုက စိုးမိုးထားပြီး ရပ်ကွက်အလိုက် ပျူစောထီးအင်အားတွေ ဖြည့်တင်းထားသလို မြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း အခုနှစ်အစပိုင်းကစလို့ ဆိုးဆိုးရွားရွား စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

လက်ရှိ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောက်ပြင်ကန်နဲ့ ဂျိုးကန်ရွာတွေဟာလည်း စစ်ကြောင်းဝင်ရောက်တိုင်း မကြာခဏဆိုသလို မီးရှို့ခဲ့ရတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းကိုလည်း ည ၁၁နာရီကနေ မနက် ၅နာရီအတွင်း ဖြတ်သန်းမောင်းနှင်မယ်ဆိုရင် မှန်ချမောင်းနှင်ဖို့နဲ့ အရှိန်လျှော့မောင်းနှင်ဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၉ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

နှောညောင်ပင်ရွာ စစ်တပ်အထိုင်စခန်းကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ တပ်ကြပ်အပါ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

အမ်းကနေ ကစဉ့်ကလျား ထွက်ပြေးလာကြတဲ့ စစ်သားတွေ ငဖဲမှာ ပိတ်ဆို့ဖမ်းဆီးခံရ၊ ပစ်ခတ်မှုတွေဖြစ်ပြီး ၅ ယောက် သေ

ရခိုင်ပြည်နယ် အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ရက်ဆက် ပိတ်ဆို့ဖမ်းဆီးမှုမှာ ၅ယောက်သေဆုံးပြီး ၁၂ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Chin Defence Force (Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။