မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် မနေ့ ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်ရှိ အရပ်သားပြည်သူ မိသားစုတစ်စုနေအိမ်မှာ စတားလင့် အင်တာနက် တပ်ဆင်အသုံးပြုမှုနဲ့ ပတ်သက်လို့ စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းအချို့ကို ချိုးဖောက်တယ်ဆိုပြီး အရေးယူဖို့ သွားရောက်ချိန် ရဲဘော်တွေနဲ့ ပြည်သူမိသားစုဝင်တွေအကြား အငြင်းအခုန် စကားများခဲ့တာဖြစ်ပါတယ်။

စဥ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ပထမအကြိမ် အရေးယူဖို့ မနေ့ နေ့လယ် ၁ နာရီမှာ MDY – PDF ၊ မြို့နယ် ပကဖ နဲ့ မြို့နယ် ပလဖ စုပေါင်း အင်အား ၅ ယောက်နဲ့ Starlink စက်ကို သွားရောက် သိမ်းဆည်းချိန် အရပ်သား အိမ်ရှင်မိသားစုက တာဝန်ရှိသူ တစ်ယောက်ပါမှ စက်ကို သိမ်းဆည်းခံမယ့်အကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအကြိမ် မြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်နဲ့ အင်အား ၁၂ ယောက် သွားရောက်သိမ်းဆည်းချိန်မှာတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းမှာပါတဲ့အတိုင်း အချင်းများမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုနဲ့ အချင်းများခဲ့တဲ့ တာဝန်ကျရဲဘော်တွေကို စဉ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးကော်မတီ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ထိုက်သင့်တဲ့ သတိပေးအရေးယူမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ Starlink Internet စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စဥ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သတင်းပေါက်ကြားမှုတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားနေတာကြောင့် ၂၀၂၅ ခုနှစ် မတ်လ ၁၆ရက်ကစလို့ Starlink Internet အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ကာ အရေးယူမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကိုမီးရှို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၏ စစ်မြေပြင် ဆေးပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တဲ့ စစ်မြေပြင်အခြေပြု အခြေခံ ဆေးပညာသင်တန်း အပတ်စဥ် (၁/၂၀၂၅) ကို ပဲခူးတိုင်းစစ်ဌာန၊ စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဟားခါးမြို့နယ်က ၄ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာ ဖြစ်ပွားခဲ့တဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Defense Force (CDF) – Hakha က ထုတ်ပြန်ထားပါတယ်။