စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတယ်လို့ သတင်းရရှိတာကြောင့် မြို့နယ် ပလဖ မြို့နယ်လုံခြုံရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာစခန်းမှူး (၂) ယောက် ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဝင်‌ရောက် ရှာဖွေ ဖမ်းဆီးချိန်မှာ တရားခံ အမျိုးသမီး ၁ ယောက်နဲ့ သုံးစွဲနေသူ အမျိုးသား ၃ ယောက်တို့ကို WY ဆေးပြားလို့ ယူဆရတဲ့ ‌ပန်းရောင်ဆေးပြား (၄၀၀)ပြား၊ လက်လုပ်မိုင်း (၃) လုံး ၊ ၅.၅၆ ကျည် (၁၅) တောင့်၊ ငွေစက္ကူ တစ်သောင်းကျပ်တန် (၅ )ရွက်၊ ငါးထောင်ကျပ်တန် (၁၃)ရွက်၊ တစ်ထောင်တန် (၂၇) ရွက်၊ ငါးရာကျပ်တန်(၃)ရွက်၊ တစ်ရာကျပ်တန် (၁) ရွက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ဖြန့်ဖြူးရောင်းချသူနဲ့ သုံးစွဲသူတွေကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ တရားစွဲတင်နိုင်ရေး ကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်း-အုတ်တွင်း လမ်းမှာ တိုက်ခိုက်ခံရပြီး စစ်ကား ချောက်ထဲကျ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ရဲစခန်းများ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ဆင်ရေးနယ်မြေ (၂) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) မှာ ထုတ်ပြန်လာပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက CDM စစ်အရာရှိတွေကို အကူညီတောင်းခံပြီး စုံစမ်းနေ

ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။