ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဘိတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဗိုလ်ဘိတပ်သားတချို့ကို အရှင်ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က နေ့လယ် ၂နာရီကျော်လောက်မှာ မြပတိုင် နောင်မိရွာဘက်ကို DKBA ဗိုလ်ဘိတပ်နဲ့ စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း DKBA ဗိုလ်ဘိပူးပေါင်းတပ်ဘက်က အထိနာသွားခဲ့တယ်လို့လည်း သိရပါတယ်။

“စကမ တပ်သားနဲ့ DKBA ဗိုလ်ဘိအဖွဲ့တို့ အထိအခိုက် အကျအဆုံး များတယ်။ အရှင်တစ်ဦး ဖမ်းဆီးရမိထားတာလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို နဘူးဆေးရုံသို့ ပို့ဆောင်ထားရတယ်” လို့ KNLA စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

စစ်ကြောင်းပြန်လည်ဆုတ်ခွာခဲ့ရတဲ့ DKBA ပူးပေါင်းတပ်တွေဟာ ထီဖိုးစံရွာဘက်ကို လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“ထီဖိုးစံ ကော့ဖန်ရပ် ရွာသားတွေက ကူမောင်တိုင်ရွာဘက် စစ်ရှောင်မှုရှိသလို အချို့ကလည်း နီးစပ်ရာ ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ထီဖိုးစံရွာ ကူမောင်တိုင်ဘက်မှာလည်း သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ ရှိနေတယ်။ အဲ့ကလူတွေကလည်း စစ်ရှောင်ဖို့ ပြင်ဆင်နေကြတယ်” လို့ အထက်ပါ နယ်မြေခံ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ အောက်တိုဘာ ၇ရက်နေ့ကစလို့ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNLA မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နဘူး၊ မြပတိုင်၊ နောင်ထပ္ပံ အစရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားသည့် ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဝမ်းတွင်း စစ်တပ်မှ တပ်ကြပ် ၁ ဦးနှင့် စလင်းအခြေစိုက် ခလရ ၂၅၃ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အသက်မပြည့်သေးသူများကို စစ်မှုမထမ်းခိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တားမြစ်မိန့် ထုတ်ပြန်…

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။