တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။

မော်ဒန်ပန့် အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ T1 နဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစုတာဝန်ခံဖြစ်တဲ့ C1 အမိန့်နဲ့ တပ်ခွဲမှူး ဇင်ကြီးက ကိုကြက်ဥကို ညှိနှိုင်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းဆက်ခေါ်ကာ သူတို့စခန်းထဲ ရောက်ရှိပြီးတဲ့နောက် ဖမ်းဆီးထားလိုက်တယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ဖမ်းဆီးရလဲဆိုတဲ့ ကိစ္စက ရှင်းရှင်းပြောရရင် သူတို့နဲ့ အဆင်မပြေလို့၊ တမင်တကာ ညှိနှိုင်းဖို့ခေါ်ယူပြီးမှ အခုလိုလုပ်ကြံတာ၊ အင်အားကြီးအဖွဲ့အစည်းတွေဖြစ်တော့ အမှန်တရားဆိုတာ မျက်နှာဖုံးသက်သက်ပါ” လို့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာ မသိရသလို ဖမ်းထားတာ ၅ ရက်ခန့် ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုကြက်ဥဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သွားရောက်ဖြေရှင်းတဲ့အခါမှာလည်း သေနတ်ဆွဲထုတ်ကာ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာခံပြည်သူတွေက ဒီအဖြစ်အပျက်ကို လက်မခံလို့ ဖြေရှင်းဖို့သွားတာ ၊ T1 က ဒီနေထူး နဲ့ လောင်းလုံပကဖ ၊ တာဝန်ခံ ခင်စန္ဒီရဲ့မောင် ပလဖ တာဝန်ခံ ရသတို့ ၂ ယောက်က ကြက်ဥထောက်ခံတဲ့ လူတစ်စုဆိုပြီး သေနတ်ဆွဲထုတ်တာတွေ လုပ်တယ်” လို့ အဆိုပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ တပ်ရင်းမှူး ကို C1 ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်း တင်ဆက်ချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

KNDF ဥက္ကဋ္ဌနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်း ၂၂ က ရဲဘော်တွေ တက်ရောက် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်းအမှတ် (၂၂) ရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ထိခိုက်ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဧပြီလ (၂)ရက်ကနေ (၂၂)ရက်အထိ အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။