ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံးနဲ့ ဘုန်းကြီးကျောင်းရှိ ဇရပ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံးဟာ တော့ဆန်ရွာမကျေးရွာအတွင်း တစ်လုံးနဲ့ ကျေးရွာအနီးရှိ လွယ်ရင်တောင်မှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်ကလည်း မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂)လုံးနဲ့ (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ TNLA စိုးမိုးနယ်မြေတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ နေရာတွေမှာ စစ်အင်အား၊ လက်နက်ကြီး၊ လေကြောင်း စတာတွေ အသုံးပြုပြီး အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

BPLA တပ်ဖွဲ့ မကြာခင် အညာမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မည်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့  မကြာခင်ကာလအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မှာဖြစ်တယ်လို့ BPLA တပ်ဖွဲ့ကွပ်ကဲရေးမှုးမောင်ဆောင်းခက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးပြောဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။