မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ရက်နေ့က ရန်ကုန်-မကွေး-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့  နန်းထိုက်တော်ဝင်ခရီးသည်တင်ကားကို ပွင့်ဖြူမြို့နယ်၊ ကပြည့်လမ်းခွဲအရောက်မှာ စတားမြစ်စစ်ဆေးရင်း ကားပေါ်ပါလာတဲ့ အသက် ၃၀အရွယ် လူငယ်(၂)ယောက်ကို ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မိုးသောင်ရောင်နီခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ အရပ်သားလူငယ်တွေ ထပ်မံဖမ်းဆီးခံခဲ့ရပါသေးတယ်။

“ကပြည့်လမ်းခွဲမှာ လူငယ်တွေ အတော်များများ ပေါ်တာဆွဲဖမ်းဆီးခံရနိုင်တယ်ဗျ။ နန်းထိုက်တော်ဝင်ကားနောက်က ကားတွေပေါ်လည်း တက်စစ်တာတွေ့တယ်။ စခတွေက ၁၅ ယောက်လောက် ရှိမယ်။ ယူနီဖောင်းတွေ လက်နက်တွေနဲ့ ကားပေါ်ကလူတွေ အတင်းဆင်းခိုင်းပြီးမှဆွဲတာပါ” လို့ ဖြစ်စဥ်ကိုသိရှိနေတဲ့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ၂ရက်တာဖမ်းဆီးမှုအတွင်း လူငယ် ၈ယောက်နီးပါးဖမ်းဆီးခံရနိုင်တယ်လို့လည်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

​ပြီးခဲ့တဲ့ စက်တင်ဘာလ၆ရက်နေ့တုန်းကလည်း အလားတူ မိုးသောက်ရောင်နီကားလိုင်းနဲ့ လိုက်ပါလာတဲ့ အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၂ယောက်​ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာတာဖြစ်ပြီး လူတစ်ယောက်စာ ငွေကျပ် သိန်း၈၀အထိ အများဆုံးရွေးယူခိုင်းကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြတယ်လို့ သိရပါတယ်။

စစ်အုပ်စုဖမ်းဆီးခဲ့သူတွေထဲ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ပြီးခဲ့တဲ့လနဲ့ ဒီလ အဆိုးဆုံးပဲဗျ။ ၂လပေါင်းကိုအယောက် ၅၀ ကျော်လောက်ရှိမယ်။ ငွေပေးပြီးပြန်လွတ်လာတာက ၂၀လောက်ရှိမယ်။ ကျန်တဲ့သူတွေက စလင်းမြို့မ ရဲစခန်းအချုပ်ထဲမှာရယ် စစ်သင်တန်းပို့လိုက်တာတွေရယ်ပေါ့။ အချုပ်ထဲမှာရှိနေသေးတာက စျေးညှိနေကြတုန်းမို့ပါ။” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ပါးစေပျူစောထီးတွေဟာ စလင်းမြို့ပေါ်နဲ့ ကျေးရွာတွေဆီ ကားနဲ့လှည့်ပြီး အရပ်သားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက် ရမ်းကားတာတွေအပြင်အတုအယောင်ရွေးကောက်ပွဲ မဲထည့်ဖို့လိုက်အော်တာ၊ စာကပ်တာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် စစ်ကိုင်းတွင် သေဆုံးသူ ၆၀၀ နီးပါး ရှိလာပြီ၊ စစ်ကောင်စီ ကူညီကယ်ဆယ်ရေးများ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ မတ်လ ၃၀ရက်၊ ဒီနေ့အထိ ထိခိုက်သေဆုံးသူ ၆၀၀ ခန့်အထိရှိလာပြီလို့ သိရပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်ရေး လုပ်နေရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စစ်ကောင်စီ၏ တပခ ဌာနချုပ်နှင့် ကေတုမတီလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ဦးအပါ အရာရှိ ၃ ဦးနှင့် စစ်သား ၈ ဦး သေဆုံး၊  တိုင်းရုံးစစ်ဦးစီးဌာနနှင့် လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ တောင်ငူ (ကေတုမတီ) လေတပ်ကို ရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ယောက် အပါအဝင် အရာရှိ ၃ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးပြီး တိုင်းရုံးစစ်ဦးစီးဌာနနဲ့ လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၁ ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု စစ်တပ်အရာရှိ ၂ ဦးနှင့် စစ်သား ၇ ဦး သေဆုံး၊ ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ပြီး ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။