ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

KNPDP တပ်ရင်း အမှတ်(၃) က ရဲဘော်ဂျေရုန်း (ခ) မာခို့ဒူမိကယ်ဟာ ဒီမော့ဆိုမြို့ရှေ့တန်းစစ်မြေပြင် ဒေသအခေါ် ခေါက်ပလော့မှာ အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း အောက်တိုဘာ ၉ ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော် ဂျေရုန်း (ခ) မာခို့ဒူမိကယ် ဟာ KNPDP မှာ တာဝန်ထမ်းဆောင်တဲ့နေ့ကစပြီး နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ရဲဘော်ဂျေရုန်း (ခ) မာခို့ဒူမိကယ်ကို KNPDP တပ်ရင်းအမှတ်(၃)က အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးနီပြုသလို ကျဆုံးခဲ့တဲ့အပေါ် KNPDP တပ်ရင်းအမှတ်(၃)က ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူဝမ်းနည်း‌ရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသားအားကစားပွဲတော်ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု နိမိတ်ပုံရိပ်ကို ပြသတယ်လို့ စစ်ခေါင်းဆောင် ညွှန်းဆို

တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ အမျိုးသားအားကစားပွဲတော် ပြုလုပ်ပြီး နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရဲ့ နိမိတ်ရှိနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။