မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၁၈ ရက်က ရုံးစည်းကြီးကျေးရွာဘက်ကနေ သံဘိုရွာဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သံဘိုရွာအရှေ့ဘက် တောတွင်းတစ်နေရာမှာ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က ဒရုန်း၊ စက်တပ်လေထီးနဲ့ တော်လှန်ရေးရဲဘော်တွေကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား တွေ သေဆုံးထိခိုက်မှုများခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူခေါ်ခဲ့တဲ့အတွက် ပွိုင့်ဖိုက် ၅ သေနတ် ပစ်ခတ်ကာ တော်လှန်ရေးရဲဘော်တွေ စခန်းကို ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ခြေကုပ်ယူထားတဲ့ ရုံးစည်းကြီးကျေးရွာအတွင်း ပြည်သူ့အိုးအိမတွေကိုဖျက်ဆီးမီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာနဲ့ အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ရဲ​ဘော်တွေရဲ့ မြို့ပြစစ်ဆင်​ရေးပုံစံ စစ်​ရေး​လေ့ကျင့်မှု (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း ရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးပုံစံ စစ်ရေးလေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို PDF Dawei District Battalion 2 - P23302 က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

တောပုပျူစခန်းနဲ့ ညောင်ဖြူပင်အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းနဲ့ မအူရဲစခန်းကို တစ်ရက်တည်း ၂ နေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။