အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲအခမ်းနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုဝန်ကြီး ဦးကျော်နီ၊ တွဲဘက်အတွင်းဝန် ဒေါ်ဂျူလိုင်တို့က အွန်လိုင်းကတဆင့် အမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်နဲ့အတူ ရုံးအဖွဲ့ဝင်တွေက စစ်ရေးပြကွင်းကို တက်ရောက်ချီးမြှင့်အမှာစကားတွေ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ NUG ဝန်ကြီး ဦးလွင်ကိုလတ်က “SOS တပ်ဖွဲ့ဟာ  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သလို SOS တပ်ဖွဲ့ကိုတည်ထောင်ရတဲ့ ရည်ရွယ်ချက်တွေကတော့ အင်အားနည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ် စွမ်းဆောင်မှုကောင်းကောင်းနဲ့ အရေးကြီး စစ်ဆင်ရေးဆိုင်ရာ ပစ်မှတ်တွေကို တာဝန်ယူဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်တယ်၊ သင်တန်းဆင်းပြီးတဲ့ချိန် စစ်ဆင်ရေး ပြုလုပ်တဲ့အခါမှာလည်း စွမ်းဆောင်မှုကောင်းကောင်း၊ အမိန့်နာခံမှုကောင်းကောင်းနဲ့ အောင်ပွဲရတဲ့အထိ ရဲဘော်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့လိုပါတယ်၊ တပ်ဖွဲ့တစ်ခု ဖြစ်လာရင် ရဲဘော်တို့အနေနဲ့ အမိန့်နာခံမှု ကောင်းဖို့နဲ့ အမိန့်စီးဆင်းမှု အားကောင်းရန် လိုအပ်ပါတယ်၊ အရေးကြီးဆုံးအချက်က အရေးကြီး စစ်ဆင်ရေးတွေ တာဝန်ယူကြရတဲ့အခါ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ပူးပေါင်းဆောင်ရွက်မှုကောင်းမှသာ အောင်ပွဲရနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် ဦးလွင်ကိုလတ်က တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးတာဝန်ကို ယူထားတဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း ရဲဘော်တွေနဲ့အတူတူ ရဲဘော်တွေရှေ့က ဦးဆောင်ကာ စစ်ဆင်ရေးတွေကို အတူတကွ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ တပ်ရင်းတပ်ဖွဲ့ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး ဝန်ကြီးဌာန အနေနဲ့ သမာရိုးကျစစ်ပွဲတွေမှာ ပူးပေါင်းဆောင်ရွက်နေတာရှိသလို သမာရိုးကျမဟုတ်တဲ့ စစ်ပွဲတွေမှာလည်း SOS တပ်ဖွဲ့အနေနဲ့ ကိုယ်တိုင်တာဝန် ယူဆောင်ရွက်ရမယ့် စစ်ဆင်ရေးတွေနဲ့ တာဝန်တွေရှိလာမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခမ်းအနားမှာ သင်တန်းအတွင်း ကြိုးစားခဲ့တဲ့ ဆုရသင်တန်းသားတွေကို ဆုတွေ ချီးမြှင့်ခြင်း၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းက တပ်ဖွဲ့မှူးထံ လက်နက်အပ်နှင်းခြင်းနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) အတွက် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပေးအပ်လာတဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေကို SOS တပ်ဖွဲ့မှုူးမှ လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးပြအခမ်းအနား အပြီးမှာတော့ သင်တန်းဆင်းရဲဘော်တွေက သင်တန်းအတွင်း လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာ့သိုင်း သရုပ်ဖော်ပြသခြင်းကို အမြဲတမ်းအတွင်းဝန်က ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

SOS အပတ်စဉ်(၃)သင်တန်းဟာ အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်‌ချေမှုန်းနိုင်ဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း စိုးမိုးနယ်မြေအတွင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်တန်းဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က သင်တန်းသားတွေကို စိစစ်ရွေးချယ်ကာ သင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့မရဲစခန်းနှင့် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။