မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက် မနက်အစောပိုင်းမှာ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း၊ တပ်ခွဲ (၂) ဦးဆောင်မှုနဲ့အတူ ပူးပေါင်းတော်လှန်ရေးတပ်တွေက လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒရုန်းတွေ၊ အာပီဂျီတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးတပ်တွေနဲ့ ရဲစခန်းရှိ စစ်အုပ်စုကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲစခန်း ဘိုတဲကုန်းအထိ တော်လှန်ရေးတပ်တွေက ရရှိခဲ့သလို လင်ဇင်း အဝင် ကုက္ကိုပင်အောက်က ဘန်ကာကို ထပ်မံရရှိဖို့ကြိုးစားချိန်မှာတော့ စစ်အုပ်စု လေကြောင်းပစ်ကူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

စစ်အုပ်စုက မကွေး လေတပ်တက် ဂျက်ဖိုက်တာနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ 

မင်းဘူးခရိုင် တပ်ရင်း၅ နှင့် ပူးပေါင်းတပ်များ လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်
မင်းဘူးခရိုင် တပ်ရင်း၅ နှင့် ပူးပေါင်းတပ်များ လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သလို မင်းဘူးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင် ၁ယောက်လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၂ယောက်လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကပြင်းထန်တယ် ပြောရမယ်။ မနက်၅နာရီခွဲကနေ ၉နာရီအထိကြာခဲ့တာပေါ့။ ကျနော်တို့ ဒရုန်းအကြီးနဲ့ ၄ကြိမ်ကြဲသလို အာပီဂျီနဲ့ပါ ထုခဲ့ရပါတယ်။ ဒီကောင်တွေစခန်းက ရွာကို အမှီပြုထားတာ ကျွန်းပုံစံလို့ ပြောရမယ်။ အလယ်မှာ စလင်းချောင်းနဲ့ တံမံကုန်းက လွှတ်တဲ့ ရေမြောင်းကြီးခြားနေတော့ အခက်အခဲတွေရှိခဲ့တယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဘိုတဲကုန်းရတော့ ဘန်ကာထပ်ရဖို့ လုံးတယ်ပေါ့။ အဲ့ဒါရရင် တစ်စခန်းလုံးနီးပါး အပြီးသတ်လို့တောင်ပြောရမှာ။ ဒါပေမယ့် ဘန်ကာက ခိုင်တယ်။  ဒရုန်းနဲ့ချတော့လည်း ဗုံးသီးက မကွဲဘူး။ ဒီကောင်တွေလည်း ရွာထဲဆုတ်သွားကြပါတယ်။ ဘန်ကာကိုရဖို့ လုံးတဲ့အချိန် လေကြောင်းကြောင့်ပဲ ပြန်ဆုတ်ခဲ့လိုက်ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မင်းဘူးခရိုင် တပ်ရင်း၅ နှင့် ပူးပေါင်းတပ်များ လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ နဲ့အတူ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းအဖွဲ့ ၊ စလင်း ပလဖ ၊ ဒေါင်းညီနောင် မြိုပြပြောက်ကျားအဖွဲ့နဲ့ မင်းဘူးခရိုင် ပကဖ ထုတ်လုပ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုလေကြောင်းကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော် သိုင်းချစ်အောင် (ခ) ဖိုးစိုင်းရဲ့ စျာပနအခမ်းအနားနဲ့ အမိန့်ပြန်တမ်းဖတ်တဲ့ ရုပ်သံဖိုင်ကိုလည်း မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ(၂) က အောက်တိုဘာလ ၁၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

မံစီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံချေမှုန်းရာ စစ်သား ၁၀၀ ကျော် သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရင်းစခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းရာ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။