ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ သင်္ဘောတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရေတပ်က အခုလို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာအပြင် ပင်လယ်ပြင်ကမ်းအနီး တစ်နိုင်တစ်ပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်နေတဲ့ ရေလုပ်သားပြည်သူတွေကိုပါ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာနေတယ်လို့ AA က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်က သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက အရပ်သား ရေလုပ်သားပြည်သူ (၄) ယောက်ကို ပင်လယ်ပြင်ကမ်းနီး ငါးဖမ်းနေချိန် စစ်အုပ်စု ရေတပ်က ဖမ်းဆီးသွားတယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၃) ရက်ကလည်း စစ်အုပ်စုက ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်ရှိ အပြစ်မဲ့ ရေလုပ်သားပြည်သူ (၂၀) ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်ကလည်း ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်နဲ့ ကြံချိုင်ကျေးရွာက ဒေသခံ ၃ ယောက်ကို ပင်လယ်ပြင်မှာ ငါးရှာနေချိန် စစ်အုပ်စု ရေတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်မှာလည်း ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာနဲ့ ကုန်တန်းကျေးရွာက ဒေသခံ ၇ ယောက်ကို စက်လှေ ၃ စီးနဲ့အတူ စစ်တွေပင်လယ်ပြင်မှာ ငါးဖမ်းနေချိန် စစ်အုပ်စု ရေတပ်က သေနတ်ပစ်ဖောက် လှမ်းခေါ်ကာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းကလည်း ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် မြစ်ကမ်းနား ငါးရှာနေချိန် စစ်တွေမြို့အနီး ရပ်နားထားတဲ့ စစ်အုပ်စု ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေတွေကို အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအန္တရာယ် သတိထားဖို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်းတပ်သား ၃ ဦး CDF-Asho ထံ လက်နက်နှင့် အလင်းဝင်လာ

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ထံကို စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF-Asho က‌ ထုတ်ပြန်ပါတယ်။