တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။

မော်ဒန်ပန့် အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ T1 နဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစုတာဝန်ခံဖြစ်တဲ့ C1 အမိန့်နဲ့ တပ်ခွဲမှူး ဇင်ကြီးက ကိုကြက်ဥကို ညှိနှိုင်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းဆက်ခေါ်ကာ သူတို့စခန်းထဲ ရောက်ရှိပြီးတဲ့နောက် ဖမ်းဆီးထားလိုက်တယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ဖမ်းဆီးရလဲဆိုတဲ့ ကိစ္စက ရှင်းရှင်းပြောရရင် သူတို့နဲ့ အဆင်မပြေလို့၊ တမင်တကာ ညှိနှိုင်းဖို့ခေါ်ယူပြီးမှ အခုလိုလုပ်ကြံတာ၊ အင်အားကြီးအဖွဲ့အစည်းတွေဖြစ်တော့ အမှန်တရားဆိုတာ မျက်နှာဖုံးသက်သက်ပါ” လို့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာ မသိရသလို ဖမ်းထားတာ ၅ ရက်ခန့် ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုကြက်ဥဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သွားရောက်ဖြေရှင်းတဲ့အခါမှာလည်း သေနတ်ဆွဲထုတ်ကာ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာခံပြည်သူတွေက ဒီအဖြစ်အပျက်ကို လက်မခံလို့ ဖြေရှင်းဖို့သွားတာ ၊ T1 က ဒီနေထူး နဲ့ လောင်းလုံပကဖ ၊ တာဝန်ခံ ခင်စန္ဒီရဲ့မောင် ပလဖ တာဝန်ခံ ရသတို့ ၂ ယောက်က ကြက်ဥထောက်ခံတဲ့ လူတစ်စုဆိုပြီး သေနတ်ဆွဲထုတ်တာတွေ လုပ်တယ်” လို့ အဆိုပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ တပ်ရင်းမှူး ကို C1 ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်း တင်ဆက်ချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။