နေပြည်‌တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရတနာမြေကျေးရွာအနီး နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ မြို့သစ်ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက တပ်ကုန်းမြို့နယ် ရတနာမြေကျေးရွာအနီး နယ်မြေရှင်း လင်းရေးထွက်လာတဲ့ အင်အား ၁၆ ယောက်ပါ စစ်ကော်မရှင်တပ်သားတွေကို အသင့်ပြင်ဆင်ထားတဲ့ မိုင်း ကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း နေရာမှာတင် စစ်သား ၁ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေကို သယ်ဆောင်နေစဉ် လမ်းခရီးမှာ နောက်ထပ် ၃ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့သစ်ပကဖ က လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

လားရှိုးမြို့ မန်နားကျေးရွာကို အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိးမြို့ မန်နားကျေးရွာကို စက်တင်ဘာ ၃၀ ရက် ညပိုင်းအချိန်က အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- နေလင်း၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့လာသည့် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။