ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်လာတဲ့ ကျောက်မဲ ဒေသခံပြည်သူ (၁၀၀၀) ကျော်ဟာ သီပေါမြို့နယ်အတွင်း ဖြတ်သန်းခွင့် မရတဲ့အတွက်ကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသလို လားရှိူးမြို့ကို ထပ်မံရောက်ရှိလာတဲ့ နမ္မတူစစ်ဘေးရှောင်တွေလည်း လူဦးရေ(၁၀၀၀) ကျော်ထိ ရှိလာတာကြောင့် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ (၃၀၀၀) ဝန်းကျင်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ(၁၈) ရက်ကစတင်ပြီး ကျောက်မဲမြို့နယ်ကို စစ်ကော်မရှင်တပ်က အင်အား တစ်ထောင်ကျော်နဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ချိန် ကျောက်မဲမြို့နယ် ဒေသခံပြည်သူ (၁၀၀၀) ကျော်က လားရှိူးမြို့ထဲ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကော်မရှင် ပြန်လည်သိမ်းယူပြီးနောက် တအာင်းအမျိုးသားတပ်မတော် (TNLA) လူပ်ရှားသွားလာတဲ့ မိုးမိတ် ၊ မိုင်းငေါ့ ၊ မိုင်းလုံ ၊ သီပေါ ၊ နမ္မတူ ၊ နမ့်ဆန် စတဲ့မြို့တွေကိုလည်း စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ SSPP/SSA က ဆိုပါတယ်။

အောက်တိုဘာလ(၂) ရက်က စတင်လို့ နမ္မတူမြို့က ဒေသခံပြည်သူတွေလည်း လားရှိူး မြို့ထဲ ထွက်ပြေးတိမ်းရှောင်လာပြီး ဒီနေ့ အောက်တိုဘာလ(၁၁) ရက် နေ့လည်ပိုင်း အချိန်ထိ လားရှိူးရောက် နမ္မတူစစ်ရှောင် လူဦးရေ (၁၀၀၀) ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ SSPP/SSA က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သီပေါမြို့နယ်ဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့် တအာင်းတပ်မတော် (TNLA) တို့ဟာ သီပေါ- ကျောက်မဲကြား သီပေါမြို့ နဲ့ (၁၀) မိုင်ခန့်ဝေးတဲ့ လွယ်ခေါ် ကျေးရွာအနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးလမ်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ်(၈)လမ်းမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ Ramonya Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် ပျူစောထီးများလိုက်ပါလာသည့် ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး နေရာတင်သေပြီး ၃ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။