မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းလာသူ ၆၈ ယောက် ရှိတဲ့အထဲ ၄၁ ယောက်က စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ကပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ကနေ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေစလို့ လက်ရှိအချိန်ထိကို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ တိုးများလာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့စာရင်းတွေဟာ အလင်းဝင်လာသူ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းမိသူနဲ့ လက်နက်ချသူတွေရဲ့ စာရင်းကိုသာ ကောက်ယူထားတာဖြစ်တာကြောင့် စစ်တပ်ကနေ ထွက်ပြေးသွားသူတွေလို လက်လှမ်းမမှီတဲ့ တပ်ပြေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်ကနေပြီး အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ရေးအတွက် သင်တန်းတွေကို လစဉ်ပို့ချပေးနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ပန်းတိုင်အနေနဲ့ ပေါင်းစည်းလမ်းသက်မွေးဌာကနေ ဒီဘက်ပြောင်းလာသူတွေ၊ ခိုလှုံသူတွေပေါ့နော် CDM တွေရှိမယ်… တပ်မိသားစုဝင်တွေရှိမယ်… စစ်မှုထမ်းတပ်သားသစ်တွေရှိမယ်…. သူတို့တွေအတွက် လစဉ် သက်မွေးပညာတွေ ပို့ချနေတာရှိပါတယ်။ ဥပမာ- ယောင်္ကျားလေးဆို စက်ပြင်တာ၊ ဖုန်းပြင်တာ၊ မိန်းကလေးဆို အပ်ချုပ်တာ၊ ဂျပ်ခုတ်တာ စတာတွေပေါ့နော် ဘဝရပ်တည်ရေးအတွက် သက်မွေးပညာတွေ သင်ကြားနေတာတွေ ရှိပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းအသုံးပြုချိန်ကနေစတင်ပြီး တပ်သားတွေကို လစဉ်စုဆောင်းလာခဲ့တာဟာ အပတ်စဉ် ၁၅ အထိ ရောက်ရှိလာနေပြီဖြစ်ပြီး ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချတာအပြင် စစ်သုံ့ပန်းပါ အပါအဝင် စုစုပေါင်း ၂၁၂၁ ယောက် ရှိတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျိုင်းတုံမြို့အနီး တစ်ရက်အတွင်း ငလျင် ၄ ခါ လှုပ်ခတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဇူလိုင် ၁၄ ရက် မနေ့ကတစ်ရက်အတွင်း ရစ်ချက်တာစကေး ၄ နဲ့အထက် ပြင်းအားရှိ ငလျင် ၄ ခါလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ စစ်ကူပို့ပေးရာ ဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေ

စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အောင်လံတွင် မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံရင်း လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းစုဆောင်းနေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။