စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၆) ရက်၊ သီတင်းကျွတ်လပြည့်ညမှာ ဘာသာရေးဓလေ့ထုံးတမ်းအစဉ်အလာအရ သပိတ်ကော်မတီတွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး သီတင်းကျွတ်ဆီမီးထွန်းပွဲကို ကျင်းပနေချိန် ညပိုင်းမှာ အကြမ်းဖက် စစ်အုပ်စုက ပါရာမော်တာ စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၂၄) ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကယ BLDF စစ်ဒေသ(၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ကလည်း ‌အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ဟာ ရရှိဒဏ်ရာတွေကြောင့် အောက်တိုဘာလ (၉) ရက် မနက်အစောပိုင်းမှာတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက် အသက်ပေးလှူသွားခဲ့ပြီး သူ့ရဲ့ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသ တစ်နေရာမှာ အောက်တိုဘာလ (၁၀) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဈာပနအခမ်းအနားကို BLDF ဗဟိုကော်မတီဝင်တွေ၊ BLDF ဌာနအသီးသီးနဲ့ စစ်ဒေသအသီးသီးက ရဲဘော်တွေ၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(PDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ တော်လှန် သပိတ်အင်အားစုတွေ၊ CDM ဝန်ထမ်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တွေ အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ အပါအဝင် ပြည်သူလူထုက ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်အရှိန်မြှင့် ချေမှုန်းမည်ဟု ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော အသက်မပြည့်သေးသူ (၁) ဦး အပါအဝင် (၅) ဦး KNLA ထံလက်နက်ချ

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်က (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) တက်ရောက် ဂုဏ်ပြု

ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) က တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။