အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလတ်၊ ဒုတိယဝန်ကြီး ဦးကျော်နီ၊ တွဲဖက်အတွင်းဝန်ဒေါ်ဂျူလိုင်နဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ဝင်တွေက Online ကတစ်ဆင့် တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် NUG ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းနဲ့အတူ စစ်ကိုင်းတိုင်း တိုင်းထောက်လှမ်းရေးတာဝန်ခံ၊ အပတ်စဉ်(၁) သင်တန်းဆင်း စီနီယာထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ အထူးထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေက သင်တန်းခန်းမဆောင်ကို လာရောက်ပြီး ဂုဏ်ပြုအမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

NUG ဝန်ကြီး ဦးလွင်ကိုလတ်က “သင်တန်းပြီးဆုံးသွားတဲ့ အခါမှာ သင်တန်းတက်ရောက်နေတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး ပစ်မှတ်ထောက်လှမ်း ရေးဆိုင်ရာ ကိစ္စရပ်တွေကို တတ်နိုင်သလောက် အရေးကြီးတဲ့ value မြင့်တဲ့ ကိစ္စရပ်တွေကို အဓိကထားပြီး ထောက်လှမ်းနိုင်ဖို့ကိစ္စက အရေးကြီးပါတယ်။ အဓိကအရေးကြီးတာက ထောက်လှမ်းရေး အဖွဲ့ဖြစ်လို့ ခြေသံလည်းလုံဖို့လိုသလို လေသံလည်းလုံဖို့ လိုပြီး BSI နဲ့ ဆက်ပြီး အရေးကြီးတဲ့ ထောက်လှမ်းရေးပစ်မှတ်တွေ ရှိတဲ့နေရာတွေကို တာဝန်ခွဲဝေပြီးတော့ သွားရမယ့် ကိစ္စရပ်တွေရှိတယ်”လို့ ပြောဆိုထားပါတယ်။
တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ အခုကာလမှာ အရေးကြီးတာက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆောက်ရွက်နေမှုတွေကို စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ဖို့ လိုသလို လိုအပ်ရင် စစ်ကောင်စီ ရွေးကောက်ပွဲတွေကို အဓိက ဦးဆောင် ဆောင်ရွက်နေတဲ့ သူတွေကို ထောက်လှမ်းရေးဘက်က Pattern of Life ရအောင် လိုက်ဖို့လိုတယ်လို့လည်း ဦးလွင်ကိုလတ်က ပြောဆိုထားပါတယ်။

သင်တန်းခန်းမဆောင်မှာတော့ သင်တန်းသားအားလုံးက သူတို့ ထောက်လှမ်းထားတဲ့ ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေး စီမံချက်တွေကို Team တစ်ခုချင်းစီအလိုက် စနစ်တကျ ရှင်းလင်းတင်ပြ အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထောက်လှမ်းရေးစီမံချက်တွေကို အမြဲတမ်းအတွင်းဝန်က ကြည့်ရှုစစ်ဆေးပြီး အကြံပြုမှု၊ လမ်းညွှန်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်တွေကိုလည်း ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။

ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေးသင်တန်း အပတ်စဉ် ( ၂ ) ဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ယန္တရားကို တိုက်ခိုက်ဖျက်စီးချေမှုန်းနိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို စနစ်တကျ စုံစမ်းထောက်လှမ်းရယူနိုင်ဖို့ ရည်ရွယ်ပြီး ( ၂ ) လကြာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဟာ ကသုံးလုံးဒေသ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ ထောက်လှမ်းရေးအဖွဲ့ဝင်တွေကို စိစစ်ရွေးချယ်ပြီး ခေါ်ယူသင်ကြားပို့ချခဲ့တာ ဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင်  ရက်ရှည်ဝင်ရောက်နေသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများရှိနေပြီး စစ်အုပ်စုအထိနာထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ရက်ရှည်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို ထိခိုက်မှုများအောင် ခုခံတိုက်ခိုက်ရင်း အရပ်သားတွေကိုလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။
Read More

KNU ၏ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေး စောထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​ဖြစ်သူ စောထူးထူးလေးဟာ မေလ ၁၇ ရက် မနေ့ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာက MRTV အသံလွှင့်တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။