ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော်
ထောင်ချောက်ကြီး
ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် အတု‌ယောင်ရွေးကောက်ပွဲမှာ မိဘပြည်သူများ မပါဝင်ကြဖို့ The Phoenix Army-TPA ရဲဘော်တွေက ယခုလိုပဲ သတိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

လိုင်ဇာအနီး စစ်တပ် အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စျေးသည် ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် စျေးတန်းလျားကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အမျိုးသား၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက် ညနက်ပိုင်းက လိုင်ဇာမြို့ စျေးထဲကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးက ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသားကတော့ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာရှိ ဈေးဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ဟာ အင်အားအများအပြားသုံးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ်  သင်တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမအစပ် ရေငံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာမှာ အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။