စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က မနက် ၈ နာရီခွဲလောက်မှာ မုံရွာကနေ အောက်ဘက် စုန်ဆင်းလာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေဟာ ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီးနဲ့လည်း လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ CFG တပ်ဖွဲ့က ဆိုပါတယ်။

” ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ” လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါရေယာဉ်တွေမှာ စစ်ကော်မရှင်တပ်သားတွေဟာကြေးနီ၊ ဆီလှောင်ကန်တွေ နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သယ်ဆောင်လာတယ်လို့ သိရသလို တိုက်ပွဲငယ် ဖြစ်ပွားပြီးနောက် အဆိုပါရေယာဉ် (၁၅) စီးဟာ အောက်ဘက်ကို ဆက်လက်စုန်ဆင်းသွားပြီး မြစ်ဝဘက်ထိ စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ChindwinFighterGroup(CFG) နဲ့ ၊Brave Heart Army-(B.H.A)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို ပစ်ခတ်နေတဲ့ CFG တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

ကပစ ၂၁ ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု စစ်တပ်အရာရှိ ၂ ဦးနှင့် စစ်သား ၇ ဦး သေဆုံး၊ ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ပြီး ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူမှာ DKBA နဲ့ NMSP တို့ အခြေအနေ တင်းမာနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး ရဲဖြစ်လာသူ လက်နက်နဲ့တကွ အလင်းဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ရှေ့တန်းကို စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်နေတဲ့ 96 Soldiers PDF ရဲဘော်များ… (ဓာတ်ပုံသတင်း)

96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) အနေနဲ့ ရှေ့တန်းရဲဘော်တွေကို ပြန်အနားပေးပြီး နောက်တန်းကျန်ရှိ ရဲဘော်တွေက ရှေ့တန်းတစ်လှည့်ထွက်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။