မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ရဲ့ မကြာသေးမီက နေပြည်တော်ခရီးစဉ်နဲ့ စစ်ခေါင်းဆောင်တွေကို တွေ့ဆုံမှုတွေအကြောင်း ဖော်ပြထားတဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းတွေအပေါ် မလေးရှား အာဏာရ နဲ့ အတိုက်အခံပါတီတွေရဲ့ လွှတ်တော်အမတ် ၈ ဦးက စိုးရိမ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ရှင်းလင်းပေးဖို့ တိုက်တွန်းကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုရဲ့ မြန်မာ့အလင်းသတင်းစာ အောက်တိုဘာ ၁၀ ရက် ရက်စွဲ သတင်းထဲမှာ “တွေ့ဆုံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများတွင် အာဆီယံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုကို အလေးပေး ဆောင်ရွက်သွားမည်ဟု အာမခံခဲ့သည်” လို့ ဝါဒဖြန့်ဖော်ပြထားတဲ့အပေါ် မလေးရှား လွှတ်တော်အမတ်တွေက အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

“လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ကျယ်ပြန့်တဲ့ဖိနှိပ်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတွေ နက်ရှိုင်းတဲ့အခြေအနေတွေအကြား စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေခြင်းကို မလေးရှားနဲ့ အာဆီယံတို့က ထောက်ခံနေကြောင်း ဖော်ပြနေတဲ့ ဒီသတင်းဖော်ပြချက်ကြောင့် မိမိတို့ အထူးစိတ်မချမ်းမသာ ဖြစ်ရတယ်” လို့ နှစ်ပါတီ လွှတ်တော်အမတ်တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေအောက်မှာ စစ်အုပ်စုက ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆ၍ မရနိုင်ကြောင်း၊ ဒီလို အခြေအနေတွေအောက်က ပြုလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ယုံကြည်စိတ်ချစွာ ထင်ဟပ်နိုင်မှာမဟုတ်ဘဲ ဒီမိုကရေစီအမည်ခံပြီး အာဏာရှင်အုပ်ချုပ်မှုကို ပိုမိုခိုင်မာစေနိုင်တယ်လို့ လွှတ်တော်အမတ်တွေက အလေးအနက်ထား ပြောဆိုထားပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ်တွေက ၎င်းတို့ပူးတွဲထုတ်ပြန်ချက်အတွင်း မလေးရှားအစိုးရအနေနဲ့ (၁) မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ သတင်းဟာ မှန်ကန် မျှတမှု ရှိမရှိ ရှင်းလင်းဖို့ (၂) မကြာသေးမီက ထိတွေ့ဆက်ဆံမှုဟာ စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုတဲ့ဘက်ကို ဦးတည်သွားတဲ့ လက္ခဏာမျိုး ဖြစ်မဖြစ်ကို ရှင်းပြဖို့နဲ့ (၃) စစ်အုပ်စုရဲ့ လာမဲ့ရွေးကောက်ပွဲတွေကို မလေးရှားနဲ့ အာဆီယံက ကူညီဖို့၊ ထောက်ခံဖို့ သို့မဟုတ် တရားဝင်စေဖို့ ဆောင်ရွက်ပေးမလား ဆိုတဲ့အပေါ် အတည်ပြုထုတ်ဖော်ပြောဆိုဖို့ တောင်းဆိုထားပါတယ်။

အချုပ်အနေနဲ့ အာဆီယံဟာ မြန်မာပြည်သူတွေကို စွန့်ပစ်ခြင်းမပြုသင့်ဘဲ၊ ဒီမိုကရေစီမူတွေကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း လွှတ်တော်အမတ်တွေက အလေးပေးပြောဆိုခဲ့ပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပေါ် လက်ခံ လိုက်လျောခြင်း မပြုသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
News-Wong Chen

0 Shares:
You May Also Like
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။