မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်း ကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေက ​အောက်တိုဘာလအတွင်း ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပကဖ အဖွဲ့ဝင်​တွေအ​နေနဲ့ အကြမ်းဖက်စစ်တပ် ကို​ ချေမှုန်းတိုက်ခိုက်​နေတာသာမက လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း အဓိက တာဝန်တစ်ရပ်အဖြစ် ထမ်း​ဆောင်နေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဇီးဖြူကုန်း ပျူစခန်းကို ၄ ရက် ဆက်တိုက် ဗုံးကြဲမှု စစ်ကောင်စီအရာရှိနဲ့ ပျူခေါင်းဆောင်အပါ ၁၀ ယောက် အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဒရုန်းနဲ့ ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် ၁၈ နှစ် ပြည့်ပြီးသူများကို ကြိုတင်မဲထည့်ခိုင်းပြီး မဲမထည့်ရင် အရေးယူမည်ဟု စစ်ကော်မရှင် ပြော၊ အဝေးသင်များကိုလည်း ကျောင်းတက်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ၁၈နှစ်ပြည့်ပြီးထားတဲ့ လူငယ်တွေကို အတင်းအဓမ္မဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းနေသလို မဲမထည့်သူတွေကို အရေးယူသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဆက်တက်ခွင့် ရုတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်နေကြောင်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်အပါ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

" ရဲစခန်းအနီးကဂိတ်ကို လမ်းကြောင်းခြေနေ အသေးစိပ်စောင့်ကြည့်လေ့လာပြီး အသာစီးရယူလုပ်ဆောင်ခဲ့တာမို့ ၃မိနစ်နဲ့ အမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ သူတို့က ခရီးသွားပြည်သူဆီက ကောက်နေတာ ပြည်သူတိုင်းအသိပါ" လို့ Aung San's Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။
Read More

ရေမွန်ရဲ့ နှုတ်ဆက်ပွဲမှာ ပရိတ်သတ်တွေကို အပြီးတိုင် နှုတ်ဆက်သွားတဲ့ အဆိုတော် အဒီနို

တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ အသက်ပေးလှူသွားတဲ့ Idiots အဖွဲ့ဝင် ရေမွန်အတွက် အမှတ်တရပွဲမှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုနေရင်းမှာပဲ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။ Idiots Farewell Tour - IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။